မြန်မာပြည်အတွင်း IS တို့၏ လှုပ်ရှားမှုများအား သတိကြီးစွာ ဆောင်ရွက်နေဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆို
မြန်မာနိုင်ငံအပေါ် ဘာ သာရေးအရ ခြိမ်းခြောက်နေသည့် အစွန်း ရောက်အစ္စလာမ္မစ်(IS)အဖွဲ့များ၏ လှုပ်ရှား မှုများကို သတိကြီးစွာဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဇွန် ၉ ရက်ကပြုလုပ်သည့် ဂျပန် နိုင်ငံ The Mainichi သတင်းဌာနနှင့် အင် တာဗျုး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ''ဘာသာရေးနဲ့ဆိုင်တဲ့ပြဿနာ အဓိက အားဖြင့် IS အဖွဲ့တွေလဲ ရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံလဲ သတိထားရမှာပါ။ ကျွန်တော် တို့အနေနဲ့လဲ ပူးပေါင်းဆောင်ရွက်လို့ရမယ့် အဖွဲ့အစည်းတွေ၊ ညှိနှိုင်းဆောင်ရွက်လို့ရ မယ့် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းမှု ပြုလုပ်ပြီးတော့ သူတို့ရဲ့ အန္တရာယ်ကို တုံ့ပြန် နိုင်ဖို့အတွက် ဆောင်ရွက်သွားရလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့လဲ သ တိကြီးစွာဆောင်ရွက်နေပါတယ်''ဟု ပြော သည်။
မြန်မာနိုင်ငံတွင်လည်း အစ္စလာမ် ဘာသာကို ကိုးကွယ်သည့်သူများ ရှိသည့် အတွက်ကြောင့် ယင်းအပေါ်တွင်လှုံ့ဆော်မှု များ ပြုလုပ်လာနိုင်သကဲ့သို့ သတင်းများ လည်း ရထားကြောင်း၊ လက်ရှိအချိန်အထိ တော့ အန္တရာယ်ပြုနိုင်လောက်သည့် အနေ အထားမျိုးတွင် မတွေ့ရသေးကြောင်း ယင်း က ဆက်ပြောသည်။
သို့သော် သတိထား နေရမည့် အနေအထားတွင်ရှိကြောင်း သိ ရသည်။
ဇွန် ၈ ရက်က ပါကစ္စတန်နိုင်ငံ ရှိ တာလီဘန်များက မြန်မာနိုင်ငံအစိုးရကို ပုန်ကန်တိုက်ခိုက်ပြီး ဂျီဟတ်စစ်ပွဲ ဆင်နွှဲ ရန် မြန်မာနိုင်ငံရှိ မူဆလင်များကို သွေးထိုး လှုံ့ဆော်ထားသည်။ မြန်မာမူဆလင်များ အနေဖြင့် ဓားကိုထုတ်၍ တိုက်ပွဲဝင်ကြရန် နှင့် ယင်းတို့လိုအပ်သော အထောက်အပံ့များ အကူအညီများကို ပေးအပ်သွားမည် ဖြစ် ကြောင်း ပါကစ္စတန်တာလီဘန်များက ပြော ကြားထားသည်။
ယခင်ကလည်း အစွန်းရောက် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များက မြန် မာနိုင်ငံတွင် ဂျီဟတ်စစ်ပွဲများ ဆင်နွှဲရန် မကြာခဏ ထုတ်ပြန်ခဲ့ဖူးသည်။
စိုးမြင့်နိုင် - TheFlowerNews

မှတ်ချက်များ