အခြောက် မဟုတ်ဘူးလို့ဆိုတဲ့ Justin Bieber
ဆယ်ကျော်သက် ကောင်မလေးတို့ရဲ့ အသည်းစွဲ ရပ် အဆိုတော် Justin Bieber ဟာ သူနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး ချေပပြောဆိုလိုက်ပါတယ်
Justin Bieber ဟာ သူ့ရဲ့ ပရိသတ် အမျိုးသားတစ်ယောက် ရဲ့ ပါးကို နမ်းလိုက်တဲ့ ဗီဒီယို ထွက်ပေါ်လာပေမယ့် သူဟာ Gay ( အခြောက် ) တစ်ယောက် မဟုတ်ဘူးလို့ သူ့ရဲ့ ပရိတ်သတ်တွေကို ပြောပြလိုက်ပါတယ်။
ထို ဗီဒီိယို ထဲမှာတော့ Justin Bieber ဟာ လက်ကိုင်မပါတဲ့ Scooter လို ယာဉ်ငယ် တစ်မျိုးနဲ့ သူ့ရဲ့ သီးသန့် လေယာဉ်ပေါ်မှာ အလုပ်ရှုပ်နေခဲ့ပါတယ်။
ပြီးတဲ့နောက်မှာတော့ သူက တစ်ပတ်လှည့်ကာ ပြုံးလိုက်ပြီး အမျိုးသား ပရိတ်သတ်တစ်ယောက်ရဲ့ ပါးကို နမ်းလိုက်ပါတယ်။ အဲဒီနောက် ကင်မရာ ရှိရာသို့ ရောက်လာခဲ့ပြီး လေထဲမှာလည်း တစ်ချက်ခုန်ပြခဲ့ပါတယ်။
အဲဒီဗီဒီယို ကို Justin Bieber က "ငါဟာ အခြောက်တစ်ယောက်မဟုတ်ပါဘူး။အဲဒီလို ပြောလာရင် ကျွန်တော့်ကို စော်ကားတာပါပဲ" လို့ JB က ခေါင်းစဉ်တပ်ထားပါသေးတယ်။
Ref : Mirror

မှတ်ချက်များ