ပဲရစ်မြို့ရဲ့ အထင်ကရ Lovelocks တံတား ပေါ်မှ စုံတွဲတွေချိတ်ဆွဲထားတဲ့ သော့ခလောက်တွေ ဖယ်ရှားတော့မည်
ပဲရစ်မြို့ Eiffel Tower မှ လှမ်းမြင်နေရသော Pont des Arts တံတားတလျှောက် သန်းပေါင်းများစွာသော သော့ခလောက်များကို များပြားလာသောကြောင့် ယခုအခါတွင် ဖယ်ရှားပစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခင်က ထိုတံတားပေါ်မှာ ချစ်သူစုံတွဲများဟာ အမြဲ မခွဲတမ်း တူတူနေနိုင်ရန် ရည်ရွယ်ကာ ချစ်ခြင်းတရား ခိုင်မြဲစေသည့် အထိမ်းအမှတ်အဖြစ် သော့ခတ်ကာ သော့တံကို Seine မြစ်ထဲသို့ ပစ်ချကာ သစ္စာတိုင်တည်လေ့ ရှိခဲ့ပါတယ်။
ယခုအခါ တံတား၏ ခံနိုင်ဝန်ကို ကျော်လွန်လာသောကြောင့် စိုးရိမ်စရာ အနေထားဖြစ်လာတယ်လို့ ပြင်သစ် အာဏာပိုင်များက ပြောဆိုလာကြပါတယ်။
ခန့်မှန်းချေ အရ ထိုတံတားပေါ်တွင် ချိတ်ဆွဲထားသော သော့ပေါင်း တစ်သန်းနီးပါးခန့် ရှိပါတယ်။
အလေးချိန်အားဖြင့် ၄၅ တန်ခန့် ရှိသောကြောင့် တာဝန်ရှိသူများက ထို တံတားပေါ်မှ သော့များကို ဖယ်ရှားပစ်ရန် အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။
သော့တံကို မြစ်ထဲပစ်ချလျှင် အမြဲတူတူနေရမည် ဟုသော အယူအဆသည်လည်း ယခုအခါတွင် ပျက်ပယ်နေပြီ ဖြစ်ပါတယ်။
( NSD )
Ref : Skynews

မှတ်ချက်များ