Minions ကာတွန်းအသစ်ထဲမှာ ဗီလိန် အဖြစ် သရုပ်ဆောင်ထားတဲ့ Sandra Bullock



ကမ္ဘာ့အလှဆုံး အမျိုးသမီး အဖြစ် သတ်မှတ်ခံထားရတဲ့ Sandra Bullock ဟာ Minions ကာတွန်းဇာတ်လမ်းရဲ့ ပွဲဦးထွက်မိတ်ဆက်ပြသတဲ့ပွဲမှာ အ၀ါရောင်ကော်ဇော အပေါ် လှပ စွာ လျှောက်လမ်းလာတာ ကိုတွေ့ရမှာပါ။

Sandra Bullock ဟာ လှပတဲ့ မီးခိုးရောင် ဂါဝန် အတိုကို ၀တ်ဆင်ထားပြီး လှပ ခန့်ညားတဲ့ ဒေါက်မြင့်ဖိနပ် တစ်စုံ နဲ့အတူ ပွဲတက်လာခဲ့ပါတယ်။ သူမရဲ့ ဂါဝန်ဟာ အရှေ့မှာ ခွဲထားတဲ့ ပုံစံ ဖြစ်ပြီး ဂါဝန်အောက်ကနေ ဘောင်းဘီ အမည်းတစ်ထည်ကိုလည်း ၀တ်ဆင်ထားပါသေးတယ်။

Sandra ဟာ ထို Minions ဇာတ်လမ်းသစ်မှာ ပထမဆုံး ပါဝင်လာမယ့် Scarlet Overkill ဆိုတဲ့ ဇာတ်ကောင် နေရာမှာ အသံ သရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ထိုဇာတ်လမ်းရဲ့ ဇာတ်ညွှန်းတွေအရတော့ Gru နဲ့နောက်လိုက် Minions တွေဟာ ဆရာကြီးတွေတွေ့ဆုံတဲ့နေရာကိုရောက်ခဲ့ပြီး Steve Carrell နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက်မှာမှ သူတို့ဟာ ဗီလန် ကွန်ဗင်းရှင်း တစ်ခုကို တက်ရောက်တဲ့အခါမှာတော့ ကမ္ဘာ့ပထမဆုံး အမျိုးသမီး စူပါဗီလိန် တစ်ယောက် ဖြစ်လာဖို့ အိပ်မက်တွေမက်ထားတဲ့ Scarlet Overkill နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Mirror

မှတ်ချက်များ