Mourinho ကားမောင်းခွင့် ၆ လ အပိတ်ခံရ


ချဲလ်ဆီး အသင်းရဲ့ မန်နေဂျာ Jose Mourinho ဟာ အရှိန်မြန်စွာ ကားမောင်းခဲ့တဲ့အတွက် ကားမောင်းခွင့် ၆ လ အပိတ်ခံခဲ့ရပါတယ်။

Mourinho ဟာ တစ်နာရီ ၅၀ မိုင်သာ မောင်းရန် သတ်မှတ်ထားတဲ့ ဇုန်မှာ တစ်နာရီ မိုင် ၆၀ နှုန်းထက် ပိုပြီး မောင်းနှင်ခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့က တရားရုံးမှာ စတာလင်ပေါင် ၉၁၀ တိတိ ဒဏ်ငွေ ပေးဆောင်ခဲ့ရပါတယ်။

Mourinho ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကတည်းက Surrey စီရင်စု အတွင်း A3 Esher လမ်းမပေါ် မှာ သတ်မှတ် အမြန်နှုန်း ထက် တစ်နာရီ ၁၀ မိုင် နှုန်း ပိုမို မောင်းနှင်ခဲ့တဲ့ မှတ်တမ်းတွေ ထွက်ပေါ်လာတဲ့အတွက် Staines Magistrates တရားရုံး က အခုလို အမှုဖွင့် စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။

တရားရုံးကို တော့ ကိုယ်တိုင်လာရောက်ခြင်းမရှိခဲ့တဲ့ ပေါ်တူဂီ လူမျိုး မန်နေဂျာ ဟာ အသနားခံစာ ကို တော့ တရားရုံးကို ပေးပို့ခဲ့ပါတယ်။

အသက် ၅၂ နှစ်ရှိနေပြီဖြစ်တဲ့ mourinho ဟာ သူ့ရဲ့ ကားမောင်း လိုင်စင် ကို ၆ လ တိတိ အပိတ်ခံလိုက်ရပါသေးတယ်။ Mourinho က သူ့ရဲ့ ၀င်ငွေ ပမာဏ ကို ထုတ်ဖော်မပြောပြ ခဲ့ပေမယ့်လည်း တရားရုံးကတော့ ဒဏ်ငွေ ကို သူ့ရဲ့ ၀င်ငွေ ထဲက ကောက်ခံဖို့ ဆုံးဖြတ် ပေးခဲ့ပါတယ်။ သူဟာ ဒဏ်ငွေ စတာလင်ပေါင် ၇၅၀ ၊ အမှုခ စတာလင်ပေါင် ၇၅ နဲ့ တရားရုံး ကြေး စတာလင်ပေါင် ၈၅ တို့ကို ပေးဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Mirror

မှတ်ချက်များ