အင်္ဂါနေ့ကတော့ Paris Hilton ကို Thomas ရဲ့ ရွက်လှေပေါ်မှာ Thomas နဲ့ အတူတူတွေ့လိုက်ရပါတယ်။ သူတို့ ၂ ယောက်ဟာ စပိန် ကမ်းရိုးတန်းမှာ အပန်းဖြေနေခဲ့တာပဲ ဖြစ်ပါတယ်။ ထို သတင်းကိုတွေ့တွေ့ချင်းတော့ Paris Hilton ဟာ ဘာကြောင့် သန်းကြွယ် သူဋ္ဌေးနဲ့ ရွက်လှေ ပေါ်မှာ အတူရှိနေတာလဲ ဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါသေးတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်ရဲ့ ဆက်ဆံရေးကို Daily Mail သတင်းဌာနက အတိအလင်းဖော်ပြလိုက်ပါပြီ။
"သူတို့ ၂ ယောက်ဟာ Cannes ရုပ်ရှင်ပွဲတော်မှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး အဲဒီနောက်မှာတော့ သူတို့ ၂ ယောက်ဟာ ဒိတ်လုပ်ပြီးနောက်ပိုင်း တစ်ယောက်ကို တစ်ယောက်ပိုသိခဲ့ကြပါသတဲ့။ သူမဟာ လူကြီးလူကောင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတာဖြစ်ပြီး Thomas ရဲ့ ဂရုစိုက်ပုံတွေကို Paris Hilton က သဘောကျခဲ့တယ်လို့လည်း သူတို့ ၂ ယောက်နဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။
သူတို့ ၂ ယောက်ဟာ စပိန်နိုင်ငံမှာသာ အပန်းဖြေနေတာမဟုတ်ပါဘူး။ကမ္ဘာလှည့်ပြီး ခရီးထွက်ပြီးသွားပါပြီ။ သူတို့ ၂ ယောက်ရဲ့ ခရီးစဉ်ဟာ ပြင်သစ်နိုင်ငံမှာ စတင်ခဲ့ပြီး မက္ကဆီကို နိုင်ငံကို ဂျက်လေယာဉ်နဲ့ ဆက်လက်ထွက်ခွာလာခဲ့ကာ စပိန်နိုင်ငံမှာ ရွက်လှေ ခရီးထပ်မံ ထွက်ခဲ့ကြတာဖြစ်ပါတယ်။
Paris Hilton ဟာ အရင်တစ်ကြိမ်တုန်းကလည်း သန်းကြွယ်သူဋ္ဌေးတစ်ယောက်ဖြစ်တဲ့ Joe Fournier နဲ့ တွဲခဲ့ပါသေးတယ်။
( Mario ) - သစ်ထူးလွင်
Ref : Starpulse

မှတ်ချက်များ