ATM စက်ကနေ ငွေထုတ်တာမထွက်ပဲ အကောင့်ထဲက ငွေပါကုန်သွားတယ်


ကိုယ်တွေ့ဖြစ်ရပ်ပါ(အစအဆုံးဖတ်ကြည့်ပါ)

ATM အသုံးပြုသူများ သတိထားကြပါ။ မနေ့က KBZ ATM မှာ ထုတ်ဖို့လုပ်တော့ ဘဏ်ရှေ့က ATM စက်မှာ မီးမလာလို့ အနီးက CB ATM မှာ ထုတ်တော့ ငွေမလောက်လို့ ၀န်ဆောင်မှုမရရှိနိုင်သေးပါတဲ့။

နောက်ပြီးတော့ကျွန်တော်လည်း တွေ့တဲ့ ATM မှာ ထပ်ထုတ် ကြည့်တယ်။ မရဘူး။ ပထမတော့ စက်က အလုပ်လုပ် နေပါသေးတယ်။ ဒါပေမယ့် အချိန်တော်တော် ကြာတဲ့ အထိ ငွေ ကထွက်မလာပါဘူး။ ပြီးတော့ ဘာစာတွေ ပေါ်လာလဲ ဆိုတော့ ယခု ဆက်သွယ်ရန် အဆင်မပြေပါသဖြင့် နောက်တစ်ကြိမ် ထပ်မံ ကြိုးစားကြည့် ပါ တဲ့။ ဟုတ်ကဲ့။ ငွေကထွက်မလာပါဘူး Card ပဲ ပြန်ထွက်လာ ပါ တယ်။ အဲဒါနဲ့ ရွှေဘုံသာလမ်းအပေါ် ဘလောက်က KBZ စက် မှာ Balance သွား ပြန် စစ် ကြည့်လိုက်ပါတယ်။ မရှိတော့ပါ ဘူး။ အဲဒါနဲ့ နောက်တစ်ရက် ပန်းဆိုးတန်း KBZ ကိုသွားတယ်။ ပြီးတော့ Card ဋ္ဌာန ကိုဖုန်းဆက်ပြီး မေးခိုင်းတော့ CB စက်ကနေဖြတ်သွားတာတဲ့။ အဲဒါဆို ကျွန်တော် CB ကို သွား ပြီး Complain တက်ရမလားဆိုတော့ သူတို့ ဖြေရှင်းပေးပါ့မယ်တဲ့၊ ဒါပေမယ့် သူတို့ စက်မဟုတ်တဲ့အတွက် MPU ကနေတဆင့် ပြောပြီးစစ်ရမှာဖြစ်တဲ့အတွက် ၁ပတ် ၁၀ရက်စောင့်ပါတဲ့ဗျာ။

ကျွန်တော်လည်းပြောလိုက်တယ် ၊ အဲဒီလိုဆိုရင် ခင်ဗျားတို့ ကဒ်ကို ဘယ်လိုယုံကြည်ပြီးသုံးရမလဲ ဆိုတော့ Connection ကိုအပြစ်ပုံချတယ်ဗျာ။ Connection မကောင်းရင် ထုတ်မရတာတော့ အပြစ်မပြောပါဘူးဗျာ။ အခုဟာက Connection မကောင်းဘူးဆို ဘာလို့ အကောင့်ထဲက ငွေ ကျတော့ဖြတ်လို့ရလဲ။ ကျွန်တော်ပြောချင်တာကတော့ ATM, MPU ကဒ်သုံးနေတဲ့သူတွေ သတိထားပြီး ကျွန်တော့်လိုမဖြစ်အောင်၊ ဖြစ်နိုင်ရင် မသုံး တာပိုစိတ်ချရမယ်ထင်လို့ပါ။ တကယ်လို့ သူတို့ နဲ့မဆိုင်ပါဘူးပြောရင် ဘာမှမလုပ်နိုင်ဘူးလေ။ သူတို့တပ်ထားတဲ့ CCTV ကို ကိုယ့်သဘောနဲ့ကိုယ် ပြန်ကြည့်လို့လဲရမှာမဟုတ်ဘူးလေ။

တကယ်လို့ အဲဒီ ငွေကသေရေးရှင်ရေးအတွက်ဆိုရင် ဘယ့်နှယ့်လုပ်ကြမလဲဗျာ။ ကျွန်တော်တို့ပြည်သူတွေလဲ ခံရတဲ့ ဘက်ကကို မလွတ်နိုင်ပါလားဗျာ။ ဘယ်တော့မှ အသားလွတ်ခံရတဲ့ ဘ၀ ကနေလွတ်မလဲမသိဘူး။ KBZ ရေ ငါ့လိုလူဘယ်နှစ်ယောက်ရှိပြီလဲဟေ့........
ပြည်တွင်း က Bank နှစ်ခု ကြားမှာ Error တက်လို့ ပြန်ရှင်း တာ တစ်ပတ် ဆယ်ရက် လောက် ကြာမယ်ဆိုတော့သူတို့အော် နေ ကြတဲ့E-commerce တို့ E- banking တို့ ကဘယ်လိုလုပ်ကြ မှာ တုန်းဗျာ။ International Bank တွေ နဲ့ အလုပ်လုပ် လို့ Error တက် ရင် ဘယ်လောက်ကြာ မလဲဗျာ။

Customer Care တို့ Customer Service တို့ဆိုပြီး အကြီးကြီး တွေ လျှောက် အော် နေပြီး ဒီပြဿနာလေးတောင် နှစ်ပတ်လောက်ကြာအောင် ဖြေရှင်းရ မယ် ဆိုရင် Customer တွေဖက် က ဘာ အခွင့်အရေး မှ မရှိတော့ဘူးလား။ (အဲဒီ Bank တွေကဗျာ အာရှ တစ်ခွင် မှာ ဆုတွေ ရထားလိုက် ကြတာ၊ ဘယ်အချက်အလက် တွေ နဲ့ ရထား တယ် ဆိုတာ တောင် ပြန်မေးရ မလို ဖြစ်နေပြီ )

Banking Software တွေ သုံး ကြတယ် ဆိုရင်လည်း ကိုယ် Software ကို သေသေချာချာ ပြန်စီစစ် ကြပါဦး။ ငွေကမထွက်လာသေးဘူး။ Balance ကဖြတ်ပြီး သွားပြီဆိုတဲ့အမှားမျိုး ကို ဘယ်လို ပြင်မလဲ။ ကိုယ့်ဘာသာကိုယ် ပြန်ပြင် ကြပါ ဦးဗျာ။ မပြင်တတ်ဘူး/ မစဉ်းစားတတ်ဘူး/ မလုပ်တတ်ဘူး ဆိုရင် လည်း အဲဒီ့ စက်တွေ လည်း ပြန်သိမ်းသွားကြပါတော့ဗျာ။ ကျွန်တော်တို့ Customer တွေလည်း စာအုပ် နဲ့ပဲ ဘဏ် မှာ လာထုတ်ပါတော့မယ်။

From - Hmue Eain Zaw  facebook

မှတ်ချက်များ