![]() |
| မြောက်ကိုရီးယားကို သစ္စာဖောက်ပြီး တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ Rim Il (Credit: ABC) |
အရင်တုန်းကတော့ မြောက်ကိုရီးယားဟာ တရားမဝင် လက်နက် ရောင်းဝယ်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အမေရိကန် ဒေါ်လာ အတုတွေနဲ့ ဝင်ငွေရအောင် လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂကနေ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ပြီးတဲ့နောက်ပိုင်း ဝင်ငွေရရှိအောင်လုပ်ဖို့ နည်းလမ်းတွေ ကုန်ဆုံးလာပါတယ်။
အဲဒါကြောင့် အခုဆိုရင် အလုပ်သမားတွေကို နိုင်ငံခြားပို့ပြီး ဒေါ်လာတွေ ရရှိအောင် လုပ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လူပေါင်း ထောင်နဲ့ချီကို နိုင်ငံခြား ပို့ဆောင်တာဖြစ်ပြီး အဲဒီအတွက် ဒေါ်လာ ဘီလီယံ နဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။
Rim II ဆိုတဲ့ လူကတော့ လက်သမားလုပ်ဖို့ ကူဝိတ်နိုင်ငံကို ပို့ဆောင်ခံခဲ့ရပြီး တစ်ရက်ကို ၁၆ နာရီကြာ အလုပ်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
လုပ်အားခ လစာကိုလည်း တစ်ပြားမှ မမြင်ခဲ့ရပဲ မြောက်ကိုရီးယား အစိုးရက အကုန်သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
ပြည်ပမှာ အလုပ်လုပ်ပြီး နိုင်ငံတော်အတွက် ဝင်ငွေရှာပေးတဲ့ အလုပ်သမား အယောက်ပေါင်း ကိုးသောင်း (၉၀၀၀၀) လောက်ရှိတယ်လို့ သိရပါတယ်။
Rim II ကတော့ နောက်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံမှာ ခိုလှုံခွင့် ရခဲ့ပါတယ်။
တောင်ကိုရီးယားမှာ တစ်ရက်ကို ထမင်းသုံးနပ် စားရသလို လုပ်အားခ တစ်လကို ဒေါ်လာ ၁၂၀ ရရှိတာက ကံကောင်းခြင်းလို့ သတ်မှတ်ထားပါတယ်။
မြောက်ကိုရီးယားဟာ အလုပ်သမားတွေကို ရုရှား၊ တရုတ်၊ မွန်ဂိုးလီးယား နဲ့ အရှေ့အလယ်ပိုင်းလို နိုင်ငံပေါင်း ၄၀ ကို အလုပ်သမားတွေ စေလွှတ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေ ရရှိတဲ့ နှစ်စဉ် လစာ ဒေါ်လာ ၂ ဘီလီယံကို နျူကလီးယား အစီအစဉ်အတွက် အသုံးပြုနေတယ်လို့ ဆိုပါတယ်။
တချို့အလုပ်သမားတွေက ပြည်ပမှာ ထွက်ပြေးဖို့ စဉ်းစားပေမယ့် မြောက်ကိုရီးယားမှာ မိသားစုဝင်တွေ ရှိတာကြောင့် မိသားစုတွေ ဒုက္ခရောက်မှာကို စိုးရိမ်လို့ သစ္စာမဖောက်ရဲဘူးလို့ အေဘီစီ သတင်းကို ပြောပြကြပါတယ်။
ABC Radio Australia

မှတ်ချက်များ