ဒေသခံများ၏ အဆိုအရ ကမ်းမြောင်ဒေသတိုက်ခိုက်ခံရမှုကြောင့် လမ်းသွားလမ်းလာတစ်ဦး အနည်းငယ်ဒဏ်ရာ ရရှိခဲ့ပြီး ပျက်စီးမှုနှင့်သေဆုံးဒဏ်ရာအကြီးအကျယ် ရရှိမှုမရှိကြောင်း သိရသည်။
မကြာသေးမီက ကမ်းမြောင်ဒေသတွင် ဒုံးကျည်တိုက်ခိုက်မှုများ ရက်သတ္တပတ်နီးနီးဖြစ်ပွားခဲ့ကြောင်း သိရပြီး စစ်သွေးကြွများက ယင်းတိုက်ခိုက်မှုများကို ငြင်းဆိုခဲ့သည်။
အစ္စရေးတွင် ဒုံးကျည်လက်နက်များဖြင့် ထပ်ကာထပ်ကာ တိုက်ခိုက်ခြင်းသည် အရပ်သားများကို သိသာစွာ ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မည်သူတစ်ဦးတစ်ယောက်မျှ ခြိမ်းခြောက်မှုအရိပ်မည်းကြီးအောက်တွင် မနေလို ကြောင်း အစ္စရေးစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ပီတာလာနာက ပြောခဲ့သည်။
အစ္စရေးဂါဇာနယ်စပ်ဒေသသည် လွန်ခဲ့သောနှစ် ဇူလိုင်၊သြဂုတ်စစ်ပွဲကတည်းက တိတ်ဆိတ်ငြိမ်သက်ခဲ့သည်။ ထိုအချိန်က ပါလက်စတိုင်းစစ်သွေးကြွများသည် အစ္စရေးကိုဒုံးကျည်များ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကာ အစ္စရေးတို့ကလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
ပါလက်စတိုင်း ၂၁ဝဝ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြသည်။ အစ္စရေးဘက်မှလည်း စစ်သည် ၆၇ ဦးကျဆုံးခဲ့ပြီး အရပ်သားခြောက်ဦး သေဆုံးခဲ့သည်။
Myanmaalinn

မှတ်ချက်များ