လျှပ်ပေါ်လော်လီအဝတ်အစားနဲ့ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုဖို့ကြိုးစားတဲ့ မိန်းကလေး ထိန်းသိမ်းခံရ




အာဂျင်တီးနား မြို့တော်သို့ အလည်အပတ်လာရောက်မယ့် ပုပ်ရဟန်းမင်း ကြီးရဲ့ ခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးကိုတွေ့ဆုံဖို့ လူအုပ်ကြားထဲ တိုးဝင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ အစောင့်တပ်ဖွဲ့ဝင်တွေရဲ့ထိန်းသိမ်းခြင်း ကို ခံလိုက်ရပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ပုပ်ရဟန်းမင်းကြီးအလာကို စောင့်ကြိုဖို့ ကပျာက ယာထွက်လာခဲ့ရင်း သူမရဲ့ အပေါ်အကျီပါးပါးမှာ အတွင်းဘရာဇီယာ ဝတ်ဆင်လာဖို့မေ့သွားခဲ့ကာ ရင်သားကိုထင်းထင်းကြီး ပေါ်နေခဲ့တာကြောင့် လျှပ်ပေါ်လော်လီ အမြင်ရိုင်းစိုင်းသလိုနဲ့ ပုပ်ရဟန်းမင်းကြီးကို စော်ကားသလို ဖြစ်နေတဲ့အတွက် လူအုပ်ကြားထဲက ဆွဲထုတ်ခေါ်သွားခြင်းကို ခံရတာပဲဖြစ် ပါတယ်။

လုံခြုံရေးတွေရဲ့ ထိန်းသိမ်းခြင်းကို ခံရတဲ့ အဆိုပါ အသက် ၂၉ နှစ်အရွယ်အ မျိုးသမီးက ဗစ်တိုးရီးယား ဆီပေါ်လစ်တစ်က်က ယခင်နှစ်လကလည်း လေ ယာဉ်ဦးခန်းထဲဝင်ပြီး မဖွယ်မရာလုပ်ဆောင်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းခြင်းကို ခံခဲ့ရပါသေးတယ်လို့ သိရပါတယ်။

ဖိုးသူတော်

မှတ်ချက်များ