![]() |
| ပုံစာ - ဗိုလ်မှူးကြီးစောဆန်းအောင်။ |
ကလို့ထူးဘောအခြေချစစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က" ကျနော်တို့ကိုဆက်လက်ပြီးတော့ လိုက်လံတိုက်ခိုက်တာတွေလုပ်အုံးမယ်ဆိုရင်တော့ အာရှလမ်းသစ်ဖွင့်ပွဲကို တိုက်ခိုက်ဘို့ အဆင်သင့်ရှိပါတယ်" ဟု ပြည်တွင်းပြည်ပ သတင်းဌာနများကို ယမန်နေ့က ပြောဆိုခဲ့သည်။
နှစ်ဖက်ပဋိပက္ခများ အမြန်ဆုံးရပ်ဆိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တာဝန်ရှိသူများက ညှိနှိုင်းမှုများ လိုက်လံဆောင်ရွက်ပေးလျှက်ရှိသည်ဟု တာဝန်ရှိသူတဦးက ပြောဆိုသည်။
ယခုလ ၂ ရက်နေ့မှစတင်ခဲ့သည့် နှစ်ဖက်ပဋိပက္ခများ ရပ်ဆိုင်းခဲ့သည်မှာ ယနေ့ဆိုလျှင် ၃ ရက်ရှိသွားပြီးဖြစ်သော်လည်း စိတ်ချရသည့် အနေအထားများမရှိသေးဟု ဒေသခံများကပြောဆိုကြသည်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ

မှတ်ချက်များ