၆နှစ်အရွယ် မိန်းကလေးကို မုဒိန်းကျင့်ခဲ့တဲ့ စစ်သား ၉နှစ်ထောင်ချခံရ


၆နှစ်အရွယ်မိန်းကလေးကို ၄င်း၏အိပ်ရာထဲမှာပင် မူးပြီး မုဒိန်းကျင့်ခဲ့တဲ့ ဗြိတိန်စစ်သားကို ၉နှစ် ထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။သြစတြေးလျ စတူဘီတောင်ကြားမှာ ထိတ်လန့်ဖွယ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်၊ အသက် ၃၀အရွယ်ရှိ၊ Craig Stormey ဆိုသူဟာ 7th Parachute Regiment Royal Horse အမြောက်တပ်နဲ့အတူ ရေခဲတောင် စကိတ်လမ်းကြောင်းကို သွားရောက်ခဲ့ရပြီး ယခုလို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ကျူးလွန်မှုအတိုင်းအတာ ပြင်းထန်မှုနဲ့ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို အကြမ်းဖက်မှု အဆိုးရွားဆုံးလို့ အဆင့် သတ်မှတ်နိုင်မှု တွေကြောင့် သင့်လျော်တဲ့ ပြစ်ဒဏ်ကို ရှာဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး လို့ တရားသူကြီး Norbert Hofer ကပြောသွားခဲ့ပါတယ်။

၂၀၁၄ခုနှစ် နိုဝင်ဘာလမှာ Craig Stormey ဟာ အရက်မူးလာပြီးနောက် သော့ခတ်မထားတဲ့ အိမ်တစ်လုံးထဲဝင်ကာ အိပ်ပျော်နေတဲ့ ကလေးငယ်ကို လိင်ပိုင်းကျူးလွန်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်က အိပ်ရာထဲမှာ လှဲနေခဲ့တာ။ ကလေးတစ်ယောက်ကို ထမ်းလာတဲ့ သဏ္ဍာန်တစ်ခုကို ကျွန်တော် တော်တွေ့လိုက်ရတယ်။ ကျွန်တော်က အိပ်ချင်မူးတူးနဲ့ ဆိုတော့ ကျွန်တော့်မိန်းမလို့ပဲ ထင်ခဲ့တာ၊ နောက်တော့မှ ကျွန်တော့်မိန်းမက ကျွန်တော့်ဘေးမှာ အိပ်နေတာကို သတိထားမိတယ်။ လုံးတီးနဲ့ သူစိမ်းတစ်ယောက်ကို ကျွန်တော့်သမီးနဲ့အတူ နောက်အခန်းတစ်ခုထဲမှာ တွေ့လိုက်ရတာ။ ကျွန်တော် ဒီလူကို ရိုက်ပုတ်ပြီး သူ့မျက်နှာကို လုံးဝထိုးခဲ့တယ်။” လို့ ကလေးရဲ့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။

တရားခံဟာ သူ့သူငယ်ချင်းတွေနဲ့ အရက်သောက်နေရာကနေ ဘယ်လိုထွက်လာခဲ့တယ်၊ အိမ်ထဲ ဘယ်လိုဝင်ခဲ့တယ် ဆိုတာကို မမှတ်မိပါဘူးလို့ ထွက်ဆိုပါတယ်။ “ကျွန်တော်လုပ်ခဲ့တာ အတွက် ဘာမှ မရှင်းပြပါဘူး။ အကြောင်းပြချက်လဲ မရှိပါဘူး။ ကျွန်တော် သတိရတာက အိမ်တစ်ခုထဲမှာ လူတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်၊ မိန်းမတစ်ယောက်က သူ့လက်ထဲမှာ ကလေးကိုချီထားတယ်။” လို့ သူကပြောပါတယ်။

“သူ့ဘ၀ တစ်လျှောက်လုံးမှာ ဒီလိုအထုံဝါသနာမျိုး တစ်ခါမှမပြခဲ့ပါဘူး။ ဒါ့ကြောင့် သူ့လုပ်ရပ်တွေကို နားလည်ပေးနိုင် ပါသေးတယ်။” လို့ တရားပြိုင်ရှေ့နေ Laszlo Szabo က လျှောက်လွှဲခဲ့ပါတယ်။Craig Stormey ကို ၂၀၁၅ခုနှစ်၊ ဇူလိုင်လ ၁၄ရက်နေ့မှစပြီး ၉နှစ်တာ အကျဉ်းကျခံစေရမယ်လို့ တရားသူကြီးက အမိန့်ချမှတ်ခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ