သုံးဘီးဆိုင်ကယ်ပေါ်မှာ ဖော့သေတ်္တာ (၂၀၀) ကျော် တင်ရှိထား


သုံးဘီး ဆိုင်ကယ်ပေါ်မှာ ဖော့သေတ္တာပေါင်း (၂၀၀)ကျော် တင်ရှိထားတာကြောင့် မြင်ရသူအပေါင်း အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဒီသုံးဘီး ဆိုင်ကယ်ကို ကြည့်ရတာ ဆပ်ကပ်ပြပွဲထဲက ပြကွက်ထက် ရင်ခုန်စရာ ပိုကောင်းကြောင်း ဒေးလီးမေးလ် သတင်းစာက ရေးသား ဖော်ပြခဲ့ပါတယ်။ ဒီဆိုင်ကယ်ကို မောင်းနှင်သူက အမျိုးသမီး ဖြစ်နေခြင်းက ပိုပြီး ထူးခြားစရာ ဖြစ်ခဲ့ပါ တယ်။

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင် ဒေသက ဒွန်ဂူ အန်ဒေသမှာရှိတဲ့ အမျိုးသမီးတစ်ဦးဟာ အလုပ် လုပ်ကိုင်ရာမှာ သုံးဘီးဆိုင်ကယ်နဲ့ ဖော့သေတ္တာတွေကို အဆမတန် သယ်ယူနေတဲ့ မြင်ကွင်းကို ဓာတ်ပုံ မှတ်တမ်းတင်ပြီး အင်တာနက်မှာ ဖော်ပြခဲ့ရာ ဝေဖန်မှတ်ချက် မျိုးစုံပေါ်ထွက်ခဲ့ပါတယ်။ သုံးဘီး ဆိုင်ကယ်ကို ကုန်တင်ကားသဖွယ် သဘောထားပြီး ဖော့သေတ္တာ အများအပြားကို ကြိုးချည်ပြီး တင်ဆောင်ထားတာကြောင့် အမျိုးသမီးအနေနဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမည်ကို စိုးရိမ်ပူပန် ခဲ့ကြပါတယ်။

လူမှုကွန်ရက် သုံးစွဲသူတွေက ဒီလုပ်ရပ်ဟာ ကာယကံရှင်ကို သာမက အခြားသူတွေပါ အန္တရာယ်ရှိကြောင်း ထောက်ပြခဲ့ပါတယ်။ သုံးဘီးဆိုင်ကယ်ကို ဖြည်းဖြည်း မောင်းနှင်နေရာတာကြောင့် ဒီအမျိုးသမီးကို ခရုအဖြစ် လှောင်ပြောင်မှုတွေလည်း ရှိခဲ့ပါတယ်။ အများစုကတော့ အလွန် အန္တရာယ်များကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ တရုတ်အပါအ၀င် အာရှနိုင်ငံတွေမှာ ဒီလို အန္တရာယ်ရှိတဲ့ ပစ္စည်းသယ်ယူမှုတွေ ပြုလုပ်နေကြကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

The Messenger

မှတ်ချက်များ