| ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ W မဂ္ဂဇင်းကာဗာ |
| Kim Kardashian ပြန်လည် ဝေမျှခဲ့တဲ့ ဓါတ်ပုံ |
ထို ဓါတ်ပုံကိုတော့ သူမက #TBT W မဂ္ဂဇင်းကာဗာ လို့ ခေါင်းစဉ်ရေးသားထားပါတယ်။ သူမဟာ ဒီတစ်ပတ် ထိုအချိန်တုန်းက ဓါတ်ပုံ အဟောင်းကိုပြန်တင်ရတာဟာ ထို မဂ္ဂဇင်း ထွက်ရှိလာစဉ်က သူမဟာ မပျော်ခဲ့လို့ပါပဲ။
အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ Kim Kardashian ဟာ ၂၀၁၁ ခုနှစ်တုန်းက ညီမဖြစ်သူ Kourtney Kardashian နဲ့ E! စီးရီးအတွက် ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ခုရိုက်ကူးစဉ်က သူမဟာ ထိုဓါတ်ပုံတွေကို လုံးဝ အပြာ ဓါတ်ပုံတွေ ဖြစ်တယ်လို့ ငိုကြွေးရင်း Kourtney ကို ပြောပြခဲ့ဖူးပါတယ်။
"အိုးမိုင်ဂေါ့ဒ် ၊ ငါဟာ ပလေးဘွိုင်းထဲမှာတုန်းကထက် ပိုပြီး ၀တ်လစ်စလစ် ဖြစ်သွားခဲ့ပါလား။ အယ်ဒီတာတွေကတော့ ကျွန်မကို စာသားတွေနဲ့ ဖုံးအုပ်ပေးမယ်ပြောပြီး အခုတော့ ရင်သားထိပ်တွေကိုပါ မြင်နေရတယ်" လို့သူမကဆိုခဲ့ပါတယ်။ အမှန်တစ်ကယ်တော့ W မဂ္ဂဇင်းကာဗာ ဓါတ်ပုံ ဟာ သူမရဲ့ အဓိက ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို စာသားတွေနဲ့ ဖုံးအုပ်ပေးထားခဲ့ပါတယ်။
အဲဒီအချိန်တုန်းကတော့ သူမဟာ ဘယ်တော့မှ ၀တ်လစ်စလစ် ထပ်မရိုက်တော့ဘူးလို့ ဆိုခဲ့ပေမယ့် အားလုံးသိတဲ့အတိုင်းပဲ သူမ ဟာ ၀တ်လစ်စလစ် ပုံပေါင်းများစွာကို ထပ်ရိုက်ခဲ့ပါသေးတယ်။
သူမဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတုန်းကလည်း Paper မဂ္ဂဇင်းအတွက် သူမရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံဟာ အင်တာနက်မှာ စံချိန်ချိုးသွားခဲ့ပြီး ဒီနှစ်အစောပိုင်းမှာ The Love မဂ္ဂဇင်းအတွက် သူမဟာ သူမရဲ့ လိင်အင်္ဂါကိုပါ ပြသထားတဲ့ ၀တ်လစ်စလစ် ဓါတ်ပုံကို ထပ်မံ အရိုက်ကူးခံခဲ့သလို မတ်လတုန်းကလည်း သူမရဲ့ ခင်ပွန်းဖြစ်သူ Kanye West ကိုယ်တိုင်က သူမရဲ့ အပေါ်ပိုင်းဗလာ ဓါတ်ပုံတွေကို Twitter မှာ ဝေမျှခဲ့ပြန်ပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Starpulse
မှတ်ချက်များ