စင်္ကာပူနိုင်ငံတွင် အခေါင်း themes ဖြင့် လက်ထပ်ဓာတ်ပုံရိုက်ကူးမှု ခေတ်စားလာ
အင်္ဂလန်နိုင်ငံတင်ပြချက်အရစုံတွဲတစ်တွဲသည် အခေါင်းthemesဖြင့် လက်ထပ်ဓာတ်ပုံရိုက်ကူးပြီး သေခြင်းတရားနှင့်လက်ထပ်မင်္ဂလာ နှစ်ခုမတူညီသော ကွဲပြားခြားနားမှုနှစ်ခုကို ပေါင်းစပ်ကာတင်ပြထားသော ဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် ပေါ်ပြူလာဖြစ်ကာ ခေတ်စားလျက်ရှိသည်။
အသက် ၂၉နှစ်အရွယ် Jenny Tay နှင့် သူမ၏ အသက်၃၀အရွယ်အမျိုးသား Darren Cheng တို့နှစ်ဦးလုံးသည် နာရေးကူညီစီစဉ်ဆောင်ရွက်ပေးသောနေရာတွင် အလုပ်လုပ်သူများဖြစ်ကြသည်။ Jennyက "ကျွန်မတို့နှစ်ဦးလုံးအခုအလုပ်ကိုအလွန်နှစ်သက်တန်ဖိုးထားပါတယ်။ ဒါကြောင့် အခေါင်းthemes နှင့်ဘာကြောင့်လက်ထပ်ဓာတ်ပုံကိုမရိုက်ရမှာလဲ "လို့ပြောပါတယ်။
Tayက "သေခြင်းတရားဆိုတာလူ့ဘဝမှာရှောင်လွှဲလို့မရနိုင်တဲ့ အစိတ်အပိုင်းလည်းဖြစ်တော့ အမြင်နှင့်ဆွေးနွေးဖို့မသင့်ပါဘူး" ဟုပြောကြားခဲ့ပါတယ်။အာရှနိုင်ငံများမှာလူအတော်များများက သေခြင်းတရားကိုကျက်သရေမရှိခြင်း ဟုမှတ်ယူကြပါတယ်။ Tayတို့ ဇနီးမောင်နှံတို့ကတော့ လူအများသေခြင်းတရားကိုလွတ်လပ်စွာပြောဆိုဆွေးနွေးဖို့ကိုအားပေးချင်ပြီး ရှေးရိုးစွဲအယူအဆတွေကိုဖယ်ရှားစေချင်ပါတယ်။
china.com Myanmar




မှတ်ချက်များ