အီတလီ ပြည့်တန်ဆာများ တောက်ပသည့် အပေါ်အင်္ကျီဝတ်ရန် ဥပဒေထုတ်ပြန်
ဒီဥပဒေကို အီတလီနိုင်ငံ၊ မီလန်မြို့တောင်ပိုင်း စပီနိုဒက်တာမြို့ရဲ့ လူသူရှုပ်ထွေးတဲ့ လမ်းမတွေပေါ်မှာ အလုပ်လုပ်ကြတဲ့ လမ်းဘေးပြည့်တန်ဆာတွေအတွက် ထုတ်ပြန် လိုက်တာ လို့ တယ်လီဂရပ်ဖ်သတင်းမှာဖော်ပြပါတယ်။
ဒုတိယမြို့တော်ဝန် လူချာနိုဆီလီဂါလီယာက “လိင်အလုပ်သမားတွေဟာလည်း လမ်းပေါ် က တခြားလုပ်သားတွေလိုပဲ လုပ်ဆောင်သင့်ပါတယ်။ သူတို့ကို ငှားရမ်းမယ့်သူတွေ အလွယ်တ ကူမြင်နိုင်ဖို့ ဒီဝတ်စုံတွေ ၀တ်ဆင်ဖို့ တောင်းဆိုခဲ့တာပါ”လို့ပြောပါတယ်။
အဲဒီလိုတောက်ပတဲ့အပေါ်ဝတ်စုံကို ၀တ်ဆင်ဖို့ ပျက်ကွက်တဲ့ ပြည့်တန်ဆာတွေဟာ ဒဏ် ကြေးငွေ ယူရို ၅၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။
ခုချမှတ်လိုက်တဲ့ ဒီဥပဒေအသစ်ဟာ လာမယ့်စက်တင်ဘာလဆန်းမှာ အကျိုးသက်ရောက်စေ မယ်လို့ ဆိုပါတယ်။
နွေဦးပွင့်လင်းရာသီကာလတွေမှာ ဥရောပအရှေ့ပိုင်းနဲ့ အာဖရိကအနောက်ပိုင်းမှပြည့် တန်ဆာအများစုဟာ မီလန်နဲ့ ရောမလိုမြို့ကြီးတွေရဲ့လမ်းမတွေမှာ တန်းစီနေကြလေ့ရှိပါတယ်။
ဒီနှစ်ထဲမှာ မီလန်မြို့မှာကျင်းပမယ့် ကုန်စည်ပြပွဲကို ဗြိတိန်အပါအ၀င်နိုင်ငံပေါင်းဒါဇင်နဲ့ ချီလာရောက်ကြမှာဖြစ်တဲ့အတွက် လိင်ဖျော်ဖြေရေးလုပ်ငန်းတွေဟာ ထိုးတက်လာနိုင်မယ်လို့ သတင်းမှာဖော်ပြပါတယ်။
၂၀၁၅ ခုနှစ်အောက်တိုဘာလအကုန်လောက်မှာကျင်းပမယ့် ဒီကုန်စည်ပြပွဲက အာဟာရ ဆိုင်ရာတွေနဲ့ ပတ်သက်တဲ့ပြပွဲဖြစ်ပြီး လူပေါင်း သန်း ၂၀ လောက်လာရောက် ကြလိမ့်မယ်လို့ မျှော်မှန်းထားတာပါ။
DVB

မှတ်ချက်များ