ခွေးကို အရှင်လတ်လတ်မြေမြှုပ်သူ အဖမ်းခံရ


ပြင်သစ်နိုင်ငံတွင် ခွေးတစ်ကောင်အား ဦးခေါင်းသာဖော်ပြီး အရှင်လတ်လတ် မြှုပ်နှံထားသည့်ပုံမှာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံခဲ့ပြီးနောက် ဝေဖန်ကန့်ကွက်မှုများ ပြင်းထန်ခဲ့ကာ ရဲက ခွေးပိုင်ရှင်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါခွေးကို ပြင်သစ်အနောက်ပိုင်းရှိ ကာရီရတ်ဆာဆိန်းမြို့ တွင် အခြားလူတစ်ဦးက ၎င်း၏ကိုယ်ပိုင်ခွေးဖြင့် လမ်းလျှောက်ထွက်စဉ် တွေ့ခဲ့ရာမှ ရဲသို့တိုင်ကြားခဲ့ပြီး ပိုင်ရှင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင် ထိုခွေးပုံ တင်ခဲ့သည့် လူကလည်း ““ခွေးမလေးရဲ့ခေါင်း ကိုပဲ မြင်ရတယ်။ ကျန်တာတစ်ကိုယ်လုံးက မြေကြီးထဲမြုပ်နေတာ ဘယ်အချိန်လောက် ကတည်းက လုပ်ထားမှန်း မသိပါ ဘူး””ဟု ပြောကြားသည်။

ရဲတပ်ဖွဲ့ကလည်း ခွေးမှာ မြေကြီးထဲတွင် ဦးခေါင်းပေါ်ရုံသာ မြှုပ်ခံထားရသည့်အပြင် ပတ်လည်တွင်လည်း မြေကြီးထဲမှ ရုန်းမထွက်နိုင်အောင် ကျောက်တုံးများဖြင့် ဖိထားကြောင်း ဆိုသည် ။ ခွေးမှာ ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ချိန်တွင် မောပန်းနေပြီး ရေလည်းငတ်ကာ ကိုယ်ခန္ဓာတွင် ရေဓာတ်ခန်း နေခဲ့သည် ။

ထို့နောက် ရဲမှာ ခွေးပိုင်ရှင်ကို အမြန် စုံစမ်းနိုင်ခဲ့ပြီး(၂၁) နှစ်အရွယ် လူငယ် တစ်ဦးကို တိရစ္ဆာန် ညှင်းပန်းမှုဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ ပိုင်ရှင်လူငယ်သည် ဥပဒေအရ ဒဏ်ငွေ ဒေါ်လာ (၁၃၅၀၀) ပေးဆောင်ရနိုင်ပြီး အွန်လိုင်းတွင်လည်း တိရစ္ဆာန် ချစ်သူများက ၎င်းကို ပြစ်ဒဏ် အမြင့်ဆုံးချမှတ်ရန် လက်မှတ်ရေးထိုး တောင်းဆိုနေကြကြောင်း ဆိုသည်။

The Messager News

မှတ်ချက်များ