![]() |
| ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ် |
ပွဲစစချင်းမှာပဲ ထိုင်းအသင်းက ခြေစွမ်းအသာစီးနဲ့ အချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
မြန်မာအသင်းက ၈ မိနစ်မှာ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ထိုင်းဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ မြန်မာအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိုင်းအသင်းကို အချိတ်အဆက်မိမိ ထိုးဖောက်ကစားခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ အသုံးမချနိုင်ခဲ့ပါဘူး။
၄၁ မိနစ်မှာ ထိုင်းအသင်း အဖွင့်ဂိုးရခဲ့ပြီး ထောင့်ကန်ဘောကတဆင့် ဆစ်တီရတ်က ခေါင်းတိုက်သွင်းယူပါတယ်။
ဒုတိယပိုင်းအစမှာ မြန်မာအသင်း ဖိအားပေး ကစားနိုင်ပေမယ့်လည်း ထိထိရောက်ရောက် မထိုးဖောက်နိုင်ဘဲ ရှိနေခဲ့ပါတယ်။
ထိုင်းအသင်းဟာ မိနစ် ၈၀ နဲ့ ၈၂ မိနစ်တို့မှာ ၂ ဂိုးဆက်တိုက်သွင်းယူပြီး ၃ ကြိမ်မြောက် ချန်ပီယံဆုကို ရယူသွားပါတယ်။
မြန်မာအသင်းဟာ အာဆီယံ ယူ ၁၆ ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တတိယအကြိမ်မြောက် တက်နိုင်တာဖြစ်ပြီး ဒီတကြိမ်မှာတော့ ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရပါတယ်။
မြန်မာ ယူ ၁၆ အသင်းဟာ အခုပြိုင်ပွဲရဲ့ အသန့်ရှင်းဆုံးဆုကို ရရှိခဲ့ပါတယ်။
တတိယနေရာ လုပွဲမှာတော့ သြစတြေးလျအသင်းက လာအိုကို ၁၀ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
DVB

မှတ်ချက်များ