![]() |
| ဓာတ်ပုံ - uatoday |
သြဂုတ် ၈ ရက်နေ့ မုန်တိုင်းဝင်ရောက်ချိန်က ထိုင်ဝမ်ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး ၁၈၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်ဝမ်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ထိုင်နန်ခရိုင်ထဲက လူနေအိမ်တွေထဲအထိ ရေ၀င်ရောက်ခဲ့တာပါ။
တိုင်ဖွန်းမုန်တိုင်းဟာ သြဂုတ် ၉ ရက်နေ့က အပူပိုင်းမုန်တိုင်းအဆင့်ကို လျော့ကျခဲ့ပေမယ့် တရုတ်နိုင်ငံ အရှေ့ပိုင်းမှာတော့ မိုးဆက်လက်ရွာသွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံမှာလည်း မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး လူအနည်းဆုံး ၈ ဦး သေဆုံးတယ်လို့ တရုတ်အစိုးရပိုင် စီစီတီဗွီက ထုတ်ပြန်ပါတယ်။
ဒီကာလဟာ တောင်တရုတ်ပင်လယ်နဲ့ တရုတ်နိုင်ငံအရှေ့ဘက် ပစိဖိတ်ကမ်းရိုးတန်းတွေမှာ တိုင်ဖွန်းမုန်တိုင်းတွေ ၀င်ရောက်တဲ့ကာလ ဖြစ်ပါတယ်။
DVB

မှတ်ချက်များ