ယာယီရပ်ဆိုင်းထားသည့် မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတစ်နေရာ တွင် ရေကြီးမှုကြောင့် ပျက်စီးနေသည့်ရထားလမ်းပိုင်းကို တွေ့ရစဉ်။ Photo: KKN
စစ်ကိုင်း၊ ဩဂုတ် ၇-စစ်ကိုင်းတိုင်း ဒေသကြီး ကောလင်းမြို့နယ် အတွင်း ရေကြီးရေလျှံမှုကြောင့် ရပ်နားထား ခဲ့ရသော မန္တလေး-မြစ်ကြီးနား မီး ရထားခရီးစဉ်များကို ဩဂုတ် ၇ရက်တွင် စတင်၍ ပြန်လည်ပြေးဆွဲ ခဲ့ ကြောင်း မြန်မာ့မီးရထား (မန္တလေး တိုင်းဒေသကြီး)မှ သိရသည်။

ကံကြီးကုန်းဘူတာနှင့် ဇော် ချောင်းဘူတာကြားရှိ ရထားသံလမ်း တံတားတစ်စင်းမှာ အောက်ခြေတိုင် များ ရေတိုက်စားခံခဲ့ရသည်။ ရေ ကြီးမှုမှာ သံလမ်းပေါ် အထက်နှစ် ပေကျော်သွားပြီး သံလမ်းမှာ ပတ္တ လားသဏ္ဌာန်ဖြစ်သွားသဖြင့် မီးရ ထားဝန်ထမ်းနှင့် သံလမ်းလုပ်သား များက နေ့ရောညပါ အပူတပြင်းပြု ပြင် ဆောင်ရွက်ခဲ့မှုကြောင့် ယခု အခါ တံတားပြုပြင်ပြီးဖြစ်ရာ မန္တ လေး-မြစ်ကြီးနားလမ်းပိုင်းကို ပြန် လည်ပြေးဆွဲနိုင်ခြင်းဖြစ်သည်။

လမ်းပိုင်းပျက်စီးစဉ်ကာလ တွင် မန္တလေးမှ ချပ်သင်းဘူတာထိ မီးရထားပြေးဆွဲပေးပြီး ကန့်ဘလူ နှင့် ကောလင်းကြားကို မော်တော် ယာဉ်အသင်းမှ RTC ကားငါးစီး ဖြင့်သာ ကောလင်းသို့တစ်ဆင့် ပို့ ဆောင်နေကြရသည်။

လမ်းပျက်ခြင်းကြောင့် မန္တလေး- မြစ်ကြီးနားလမ်းပိုင်းတွင် ပြေးဆွဲနေ သည့် အမှတ် (၅၅) အထူးအမြန်၊ အမှတ် (၅၇) အထူးအမြန်၊ အမှတ် (၄၇)အဆန်၊ အမှတ် (၄၁)အဆန်၊ အမှတ် (၃၃)အဆန်၊ အမှတ် (၃၇) အဆန်နှင့် မန္တလေး-ကောလင်း အ မှတ် (၅၃) အဆန်ရထားများကို ယာယီရပ်ဆိုင်း ထားရသည်။
မီးရထား ခရီးစဉ်များကို မန္တလေး-ကန့်ဘလူ လမ်းပိုင်းတစ် ပိုင်း၊ ကောလင်း- မြစ် ကြီးနားလမ်းပိုင်းတစ်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားပြေးဆွဲ ခဲ့ရသည်။ မိုးသည်းထန်မှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တွင် နေရာကိုးနေရာ ရေကျော်ခဲ့သည်။

KKN - ‎Democracytoday‬

မှတ်ချက်များ