ဂန္ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ရခဲ့ဖူးသော ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ဆုကို ကင်ဂျုံအန်ရရှိ
အင်ဒိုနီးရှား ပညာရေးဖောင်ဒေးရှင်းဖြစ်တဲ့ Sukarmo က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ဂုဏ်ထူးဆောင်ဆု ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ ကင်ဂျုံအန်အနေနဲ့ သူ့နိုင်ငံမြောက်ကိုရီးယားက ပြန်ပေးထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ များစွာရှိနိုင်ပေမယ့် နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်ထူးဆောင်ဆုကို ပေးခြင်းခံရတာကတော့ ဒါပထမဆုံးလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှု ပြယုဂ်ဖြစ်တဲ့ အိန္ဒိယခေါင်းဆောင်ကြီး ဂန္ဒီနဲ့ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်တို့လည်း ဒီဂုဏ်ထူးဆောင်ဘွဲ့ကိုရရှိဖူးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဂုဏ်ထူးဆောင်ဆုကို အာဏာရှင်နိုင်ငံကကင်ဂျုံအန်ကို ပေးအပ်လိုက်တဲ့အတွက် Sukarmo ဖောင်ဒေးရှင်းဟာ ဝေဖန်မှုတွေနဲ့ များစွာကြုံတွေ့နေရပါတယ်။
အင်ဒိုနီးရှားပထမဆုံး သမ္မတရဲ့ သမီးဖြစ်သူက အဆိုပါဖောင်ဒေးရှင်းကို ဦးဆောင်နေတာဖြစ်ပြီး ကင်ဂျုံအန်ကို ဂုဏ်ထူးဆောင်ဆု ပေးတာနဲ့ပတ်သတ်ပြီးတော့လည်း ကာကွယ်ပြောကြားထားပါတယ်။ ကင်ဂျုံအန်ဟာ အာဏာနဲ့နယ်ချဲ့သြဇာ လွှမ်းမိုးထားတဲ့ အနောက်နိုင်ငံတွေကို ရဲဝံ့စွာဆန့်ကျင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
Sukarmo ဖောင်ဒေးရှင်းကတော့ ကင်ဂျုံအန်ကို ဒီဂုဏ်ထူးဆောင်ဆု ပေးတဲ့အပေါ် ဝေဖန်သူတွေကို တုန့်ပြန် ဝေဖန်ထားပါတယ်။ ကင်ဂျုံအန်အဘိုးဖြစ်သူလည်း ဒီဆုကို လက်ခံရရှိဖူးပါတယ်။
Planet Myanmar

မှတ်ချက်များ