![]() |
| ပျက်ကျသည့် လေယာဉ်အနီး ကယ်ဆယ်ရေးလုပ်မည့် မီးသတ်တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရိုက်တာ) |
မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အချိန်ယူရနိုင်တယ်လို့လည်း ဂျာမန်အရာရှိတွေက ဆိုပါတယ်။
ဘာဗားရီးယားဒေသမှာ အမေရိကန်စစ်တပ်က သင်တန်းလေ့ကျင့်ပျံသန်းစဉ် ပျက်ကျတာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ လေ့ကျင့်ရေး လက်နက်ခဲယမ်း ၂၅ ပေါင်ပဲ ပါပါတယ်။
အရေးပေါ် ဝန်ဆောင်မှု အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အထင်ကြီး ချီးကျူးမိတယ်လို့ ဥရောပရောက် အမေရိကန်စစ်တပ် ပြောခွင့်ရက ပြောပါတယ်။
လေယာဉ်မှူးကို သစ်တောထဲမှာ ဖြတ်သွားဖြတ်လာ လူတွေက တွေ့ခဲ့ပြီး အသေးစား ဒဏ်ရာတွေအတွက် အနားက ဆေးရုံမှာ ကုသမှု ခံယူနေဆဲလို့ ဒေသတွင်း ရဲက ပြောပါတယ်။
DVB

မှတ်ချက်များ