![]() |
| ဧရာဝတီမြစ်ရေကြီး၍ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများရေမြုပ်နေသောကြောင့် နွားများအား ရေနံချောင်းမြို့ပေါ်သို့ သယ်ဆောင်နေစဉ် (ဓာတ်ပုံ - ကိုမင်း) |
ရေလွှမ်းမိုးခံရသည့် ရေနံ ချောင်း၊ ချောက်၊ မင်းဘူး၊ပွင့်ဖြူ၊
စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ သရက်၊အောင်လံ၊ ကံမ၊ မင်းလှ၊ ဆင် ပေါင်ဝဲ၊ ပခုက္ကူ၊ ဆိတ်ဖြူမြို့နယ်တို့တွင် အစာလိုအပ်နေသော ကျွဲ၊ နွား အကောင်ရေ ၁၇, ၆၀၀ ကျော် ရှိနေသည်။
‘‘စေတုတ္တရာလည်း လို တယ်။ အဲဒီမှာက ရေကျသွားပေ မယ့် နုန်းတွေက ပြည့်နေလို့သွား လို့ မရသေးတော့ ဘယ်လောက် လိုတယ်ဆိုတာ မတွက်ချက်ရ သေးဘူး’’ဟု မကွေးမြို့နယ် မွေး မြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မကွေးမှ ၁၄ မြို့နယ်အနက် ရေနံချောင်း၊ ချောက်၊ ပွင့်ဖြူနှင့် အောင်လံမြို့နယ်တို့သည် အရေး ပေါ်အစာလိုအပ်နေပြီး အဆိုပါ မြို့နယ်များတွင် ရေဘေးသင့်နေ သည့် ကျွဲ၊ နွားအကောင်ရေ ၁,၀၀၀ မှ ၆,၀၀၀ ကြား ရှိသည်။
ပွင့်ဖြူမြို့နယ် တစ်မြို့နယ် တည်းတွင် ရေဘေးသင့်နေ၍ စား နပ်ရိက္ခာလိုအပ်နေသည့် ကျွဲ၊ နွားအကောင်ရေ ၁၀,၀၀၀ ရှိသော ကြောင့် တစ်မြို့နယ်လုံးအတိုင်းအတာအရ ယင်းထက်များပြားနိုင်ကြောင်း ကျွဲ၊ နွားစာရင်း ကောက်ယူသည့် ဒေသခံများနှင့် လူမှုရေးအသင်းအဖွဲ့များထံမှ သတင်းရရှိသည်။
ရေနံချောင်းမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း ၁၆ ခုတွင်ကျွဲ၊ နွားအကောင်ရေ ၆,၉၀၀ ကျော်ရှိပြီး ချောက်မြို့နယ်တွင် အကောင်ရေ ၂,၀၀၀ ခန့်ရှိသည်။ ပွင့်ဖြူမြို့နယ်တွင် ၂,၃၀၀ ခန့်ရှိပြီး အောင်လံမြို့နယ်တွင် အကောင် ရေ ၁,၂၀၀ ကျော် ရှိနေသည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။
‘‘လူတွေကို လှူဖို့ သတိထား မိကြပေမယ့် ကျွဲ၊ နွားတွေကျ တော့ သတိမထားမိကြဘူး။ စား ကျက်မြေတွေကလည်း ရွှံ့၊ နွံ တွေဖုံးကုန်တယ်။ လူတွေကလည်း ဒုက္ခရောက်နေတယ်။ အပြင်စာ မရရင်၊ ကျွဲ၊ နွားတွေ ဒုက္ခရောက်ကုန်ကြတော့မယ်’’ဟု စိမ်းလန်းအမိမြေအသင်း (ECOEV) မကွေးတာဝန်ခံ ဦးဉာဏ်မြင့်အောင်က ပြောသည်။
ရေနံချောင်းမြို့နယ် တစ်ခု တည်းတွင် ကျွဲ၊ နွားအကောင်ရေ ၆,၀၀၀ ကျော်ရှိပြီး အခြားမြို့ နယ်များရှိ ကျွဲ၊ နွားအကောင်ရေ ထက် အများဆုံးဖြစ်ကြောင်း၊ လာ ရောက်လှူဒါန်းသူရှိသော်လည်း တစ်ပတ်စာသာရှိသောကြောင့် ရေရှည် အခက်အခဲတွေ့ရ ကြောင်း ဦးဉာဏ်မြင့်အောင်က ပြောသည်။
ကျွဲ၊ နွား တစ်ကောင်လျှင် ပဲဖတ်၊ နှမ်းဖတ် တစ်ရက်စာသည် ၂၅ ကျပ်သားရှိပြီး နှမ်းဖတ်တစ် ပိဿာလျှင် ၉၅၀ ကျပ်နှင့် ပဲဖတ် တစ်ပိဿာလျှင် ၁,၂၀၀ မှ ၁,၃၀၀ ကျပ်ကြားဈေးရှိသည်။
‘‘ပဲဖတ်၊ နှမ်းဖတ်က ဈေး ကြီးတော့ နွားစာသကာတုံးလုပ် ဖို့ စဉ်းစားထားတယ်။ မွေးကုက လည်း သင်တန်းပို့ချပေးမယ်လို့ ပြောတယ်။ ၁၉၉၇ လောက်တုန်း က မကွေးမှာ လုပ်ပေးဖူးတယ်။ သူက ပဲဖတ်၊ နှမ်းဖတ်ကို ယူရီး ယား၊ သကာရည်နဲ့ရောပြီး အ တုံးလေးတွေ လုပ်တာ။ အဲဒီတုန်း ကတော့ နွားစာပေါလို့ နွားတွေ က ကြေးများတယ်။ အခုက အစာရှားချိန်ဆိုတော့ သိပ်ကြေးများ မယ် မထင်ပါဘူး။ အဲဒီအတုံးက အာဟာရဖြစ်ပြီး ကြာကြာလည်း အထားခံတယ်’’ ဟု ECODEV ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြော သည်။
တိရစ္ဆာန်အစားအစာအ တွက် မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနက အလှူခံလေ့ရှိသလို စိမ်းလန်းအမိမြေ လူမှုရေးအ သင်းအဖွဲ့ကလည်း အလှူခံလျက်ရှိသည်။ စိမ်းလန်းအမိမြေအ သင်းကို အလှူငွေထည့်လိုပါက ကမ္ဘောဇဘဏ်ငွေစာရင်း နံပါတ် ၁၂၂၁၇၃၀၀၀၀၀၃၃ အကောင့် ကို ထည့်ဝင်လှူဒါန်းနိုင်ပြီး မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လှူဒါန်းလိုပါက ၁၆၇-၄၀၈၄၆၅၊၀၉-၂၅၄၂၆၂၁၇၈ သို့လှူဒါန်းနိုင်သည်။
အိဖြူမွန် - 7day daily

မှတ်ချက်များ