![]() |
| ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အိမ်မွေးတိရစ္ဆာန်များကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရတဲ့ ရေနံချောင်းမြို့မြင်ကွင်း။ (ဓာတ်ပုံ-MOI) သြဂုတ် ၁၊ ၂၀၁၅။ |
“မုံရွာတို့၊ ဘာတို့ကတော့စိုးရိမ်ရတဲ့အဆင့်ကို ရောက်နေတယ်လို့၊ ဟင်္သာတနားမှာတော့ စတက်နေပြီ။ ဟင်္သာတနားမှာအနီးပတ်ဝန်းကျင်ကမြို့တွေကို ရေတွေဝင်ကုန်ပြီဗျ၊ နောက် မြစ်ဝကျွန်းပေါ်မြို့ နှစ်မြို့သုံးမြို့လည်း ရေဝင်တယ်လို့ သိရတယ်၊ အဲဒါကတော့ နည်းနည်း စောင့်ကြည့်ပြီး- စိုးရိမ်ရတဲ့အနေအထားမှာတော့ ရှိတာပေါ့ဗျာ၊ ဘာကြောင့်လဲဆိုတော့ မိုးကလည်းရွာနေတယ်။ တောင်ပေါ်ကရေတွေကလည်း အောက်ကိုဆင်းတဲ့ကာလဖြစ်နေတယ်လေ။”
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး နောက် သုံးရက်အတွင်းမှာလည်း ရေထပ် တက်လာဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ထုတ်ပြန်ထားတာမို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ဧရာဝတီမြစ်ကြောတလျှောက် မြို့နေရာ အချို့ ရေလွှမ်းမိုးမှု ပိုဆိုးလာမယ့် အခြေအနေမှာရှိနေပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဟင်္သာတ၊ ဇလွန် မြို့တွေမှာ စိုးရိမ်ရေမှတ်အထက်ရှိနေပြီး ချင်းတွင်းမြစ်တလျှောက်က မော်လိုက်၊ ကလေးဝ၊ မုံရွာမြို့တွေမှာ နောက်ရက်တွေအထိ စိုးရိမ်ရေမှတ်ကျော်မှာ ရှိနေဦးမယ်လို့ မိုးဇလက သတိပေးထားပါတယ်။
နန် လဖိုင် - VOA Burmese


မှတ်ချက်များ