လူကုန်ကူးခံရသူ နှစ်ဆကျော် မြင့်တက်လာပြီး တရုတ်မယားအဖြစ် ရောင်းစားမှု အများဆုံးဖြစ်ပွားနေ
၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ ပြည်တွင်း၌ လူကုန်ကူးခံရသူ ၂၂၅ ဦး အထိရှိလာခဲ့ပြီး ယမန်နှစ်ကထက် နှစ်ဆကျော် ပိုများနေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဌာနချုပ်မှ ထုတ်ပြန် ချက်များအရ သိရသည်။
ခုနှစ်လအတွင်း လူကုန်ကူးသည့်အမှု အရေအတွက် ၇၄ မှုရှိပြီး အမှု၏ သုံးပုံနှစ်ပုံခန့်မှာ တရုတ်မယားအဖြစ် ပေါင်းသင်းရန် တရုတ်နိုင်ငံသို့ ရောင်းခံနေရကြောင်း သိရသည်။
၃၁ မှုထိရှိနေသော ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်းနှင့် အဓမ္မခိုင်းစေမှုမှာလည်း လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုများပြားလာနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့၏ ဖမ်းဆီးမှုစာရင်းများအရ သိရသည်။
Eleven Media Group

မှတ်ချက်များ