ဇနီးဖြစ်သူရုပ်ဆိုးသွားလို့ တရားစွဲပြီးလျော်ကြေးတောင်းသူ


လက်ထပ်ပြီးခါစ အမျိုးသားတစ်ဦးဟာ သူရဲ့အသစ်စက်စက် သတို့သမီးကို မိတ်ကပ်မပါတဲ့ သဘာဝ မျက်နှာအတိုင်း မြင်လိုက်ရပြီးတဲ့နောက် လိမ်လည်လှည့်ဖြားမှုနဲ့ တရားစွဲလိုက်တဲ့ဖြစ်ရပ် အယ်ဂျီးရီးယား နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

လက်ထပ်ပြီးခါစ နံနက်မှာ အမျိုးသားဟာအိပ်ယာကနိုးလာတဲ့အချိန် သူ့နံဘေးက ဇနီးကိုကြည့်ပြီး ကြောက်လန့်သွားခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

မိတ်ကပ်မပါတဲ့မျက်နှာနဲ့ အိပ်ပျော်နေတဲ့သူ့ဇနီးကို လုံးဝမမှတ်မိခဲ့ဘူးလို့ အဆိုပါအမျိုးသားက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ သူ့ကိုအထိတ်တလန့်ဖြစ်စေမှုနဲ့ သူ့ဇနီးထံက ဒေါ်လာနှစ်သောင်း ရလိုကြောင်း တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

မင်္ဂလာမဆောင်ခင်က သူ့ဇနီးဟာ မိတ်ကပ်တွေများစွာလိမ်းပြီး သူ့ရဲ့ ရုပ်ရည်အမှန်ကိုမပြပဲ လိမ်လည်လှည့်ဖြားခဲ့တယ်လို့ အဆိုပါအမျိုးသားက တရားရုံးမှာ ပြောခဲ့တာဖြစ်ပါတယ်။

မင်္ဂလာမဆောင်ခင်က သူ့ဇနီးဟာ အရမ်းလှပသူဖြစ်ပြီး သူနိုးလာတဲ့အချိန်မှာတော့ သူ့ဇနီးမျက်နှာဟာ သူမမှတ်မိလောက်အောင်ကို ရုပ်ဆိုးနေခဲ့တာဖြစ်ကြောင်း တရားရုံးမှာ ပြောဆိုခဲ့ပါတယ်။

Planet Myanmar

မှတ်ချက်များ