![]() |
| ဓာတ်ပုံ - ဘီဘီစီ |
သြဂုတ် ၂၀ ရက် ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယားက ဒုံးကျည်လို့ ယူဆရတဲ့ အရာတခု တောင်ကိုရီးယားရဲ့ယောင်ချွန်ဒေသထဲ ပစ်လွှတ်လိုက်တာကို သတိထားမိတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။
တောင်ကိုရီးယား စစ်တပ်ကလည်း မြောက်ကိုရီးယားက ပစ်ခတ်တဲ့နေရာကို ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“မြောက်ကိုရီးယား စစ်တပ်ရဲ့ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်ကိုရီးယားက အမျိုးသားလုံခြုံရေး ကောင်စီ ဆွေးနွေးပွဲ ကျင်းပဖို့ ရှိနေတယ်လို့ အစိုးရ ယောင်ဟတ် သတင်းဌာနက ထုတ်ပြန်ပါတယ်။
အနောက်ပိုင်းနယ်စပ်မှာ နေထိုင်တဲ့ ဒေသခံတွေကိုလည်း နေရာရွှေ့ပြောင်းကြဖို့ တောင်ကိုရီးယားကလည်း အမိန့်ပေးထားပါတယ်။
တောင်နဲ့ မြောက် ထိစပ်နေတဲ့ အနောက်ပိုင်း ပင်လယ်ဝါ နယ်စပ်ဟာ ၂ နိုင်ငံအကြား ပေါက်ကွဲလုနီးဖြစ်နေတဲ့ နယ်စပ် ဒေသတခုလည်း ဖြစ်ပါတယ်။
DVB

မှတ်ချက်များ