မြောက်ဦးမြို့အပျက်အစီးများ သန့်ရှင်းရေး မလုပ်နိုင်သေး

( သြဂုတ် ၉ ရက်နေ့ မြောက်ဦးဈေးနားတ၀ိုက် မြင်ကွင်း)

မြောက်ဦးမြို့ပေါ်ရှိ အပျက်အစီးများနှင့် လမ်းပေါ်တွင် တင်ကျန်ရစ်ခဲ့သော ရွံ့နွံများကို ယနေ့ထက်ထိ မဖယ်ရှားနိုင်သေးကြောင်း သိရသည်။

သို့အတွက် မြို့ထဲ ဈေးအနီးတ၀ိုက်တွင် အနံ့ဆိုးများ နံစော်နေပြီး ကြာလာပါက ကျန်းမာရေး ထိခိုက်နိုင်ကြောင်း မြောက်ဦး ဒေသခံများက ပြောသည်။

ဒေသခံ လူကြီး တစ်ဦးက ပြောသည်မှာ မြောက်ဦးမြို့ပေါ်ရှိ အပျက်အစီးများကို ရှင်းလင်းရန် စည်ပင်တွင် ငွေကြေး အလုံအလောက်မရှိသလို လူအင်အားလည်း မလုံလောက်ဟု ပြောဆိုကြောင်း သူက ဆိုသည်။

မြောက်ဦးမြို့ကို ရောက်ရှိနေသူ ဒေါက်တာ စောမြအောင် ဖောင်ဒေရှင်းမှ ဒေါ်တင်မေအောင်က ပြောသည်မှာ မြောက်ဦးမြို့မှာ ရေဘေးဒဏ်ကို အကြီးအကျယ်ခံခဲ့ရပြီးနောက် မြို့ပျက် တစ်ခုလို ဖြစ်နေသည်ကို မြင်တွေ့ရ၍ အထူးစိတ်မကောင်းကြောင်း ပြောဆိုသည်။

မြောက်ဦးတွင် ရေကြီးခဲ့သည်မှာ ၁၀ ရက်ခန့်ကြာမြှင့်နေပြီ ဖြစ်သော်လည်း လျှပ်စစ်မီး၊ ရေ မရရှိသေးသလို စာသင် ကျောင်းများကိုလည်း ပိတ်ထားရဆဲ ဖြစ်သည်။

Arakan State

မှတ်ချက်များ