![]() |
| မန်စီးတီးနှင့် စာချုပ် ချုပ်ဆိုနေသည့် အိုတာမန်ဒီ(ယာ)။ (ဓာတ်ပုံ - mcfc) |
အိုတာမန်ဒီက ကျောနံပါတ် ၃၀ ကို ၀တ်ဆင်ပြီး ကစားမှာ ဖြစ်တယ်လို့ မန်စီးတီး ကလပ်က ထုတ်ပြန်ပါတယ်။
အိုတာမန်ဒီဟာ စပိန်ကလပ် ဗလင်စီယာကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး အကောင်းဆုံး နောက်ခံ အလယ်လူတဦးအဖြစ် အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
အကောင်းဆုံးတွေကိုပေးဖို့ ဒီနေရာကို ရောက်လာတာဖြစ်ပြီး ဖလားတွေ ရနိုင်မယ်လို့ ဆန္ဒရှိတယ်လို့ အိုတာမန်ဒီက ပြောပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းကလည်း အိုတာမန်ဒီကို ပစ်မှတ်ထားခဲ့ပေမယ့် အိုတာမန်ဒီက ပေါင် ၃၁ ဒသမ ၇ သန်းနဲ့ မန်စီးတီးကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။
DVB

မှတ်ချက်များ