စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးကြောင့် ပျက်စီးအိမ် ၇ဝဝ ကျော်ကို ကျပ်သိန်း ၂ဝတန်ဖိုးရှိနေအိမ်များ တည်ဆောက်ပေးရန်တင်ပြထား



စစ်ကိုင်း တိုင်းဒေသကြီးတွင် ရေဘေးကြောင့် ပျက်စီးခဲ့သည့် နေအိမ် ၇ဝဝ ကျော် အား ကျပ် သိန်း ၂ဝ တန်ဖိုးရှိ နေအိမ် များပြန်လည်တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူများက ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့ နယ်ကိုးမြို့နယ်တွင် ရေဘေးကြောင့် ပျက်စီးခဲ့ရသည့်အိမ်ခြေပေါင်း ၁၅၇၄ အိမ်အနက် ရေမျောပါသည့် ၇၇၉ အိမ်ကို ပြန်လည်တည်ဆောက်နိုင်ရန် နေအိမ်တစ်လုံးလျှင် ကျပ်သိန်း
၂ဝနှုန်းဖြင့် ငွေကျပ် ၁၅၅၈ သန်းကို သီးသန့်ရန်ပုံငွေမှထောက်ပံ့ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ ထားခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မနေ့က နိုင်ငံတော်သမ္မတကို တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြ တာမှာလဲ ပါပါတယ်။ ရေမျောအိမ် စုစုပေါင်း ၇၇၉ အိမ်အတွက် တစ် အိမ်ကို နှစ်သန်းနှုန်းနဲ့တွက်ချက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ သီးသန့် ရန်ပုံငွေရရှိနိုင်ဖို့ တင်ပြထားတာပါ။ နိုင်ငံတော်ကနေ ဘတ်ဂျက်ကျတာနဲ့ ဆောင်ရွက်သွားမှာပါ။ ကလေးမြို့ မှာ ရေမျောပြီး ပျက်စီးတာ ၃၂၇ အိမ်ရှိပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူမှု ရေးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါ ဝင်မှုတွေနဲ့ ရေဘေးသင့်ပြည်သူတွေ ဆက်လက်ရပ်တည်နိုင်ဖို့ ဆောင် ရွက်မှာပါ''ဟု စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တာဝန်ရှိတစ်ဦး က ပြောသည်။

ရေဘေးကြောင့် ပျက်စီးခဲ့ရ သည့် နေအိမ်များမှာ ကလေးတွင် ၉၉ဝ၊ တမူးခရိုင်တွင် ၃၈၆ လုံး၊ ကသာခရိုင်တွင် ၂၅ လုံး၊ ရွှေဘို ခရိုင်တွင် ၈၄ လုံး၊ ယင်းမာပင်ခရိုင် တွင် ၆၇ လုံး၊ မုံရွာခရိုင်တွင် ၁၁ လုံး၊ စစ်ကိုင်းခရိုင်တွင် ၁ဝ လုံးနှင့် မော်လိုက်တွင် နှစ်လုံးတို့ဖြစ်သည် ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။

''ကျွန်မတို့ ကျောက္ကာကျေးရွာ ကတော့ ရွာလုံးကျွတ်ရွှေ့ပြောင်းရ မှာပါ။ အစိုးရအဖွဲ့က လူကြီးတွေ လာတိုင်း ရွာလဲရွှေ့ပေးမယ်၊ အိမ် တွေလဲ ပြန်ဆောက်ပေးမယ်ပြောပါ တယ်။ သိန်း ၂ဝ တန်ဆိုတာတော့ ထည့်ပြောတာမရှိပါဘူး။ လတ်တ လောမှာတော့ စားရေးက နှစ်လစာ လောက် ဖူလုံနေပါပြီ''ဟု ကျောက္ကာ ကျေးရွာမှ နေအိမ်ရေမျောသွားသူ တစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် ပျက်စီး ခဲ့သည့်နေအိမ်များ ပြန်လည်တည် ဆောက်နိုင်ရန်အတွက် စစ်အင်ဂျင် နီယာညွှန်ကြားရေးမှူးရုံးအစီအစဉ် ဖြင့် သွပ်အချပ်ရေ ၅ဝဝဝ၊ အလှူရှင် များလှူဒါန်းသည့် ဘိလပ်မြေအိတ် တစ်ထောင်ကိုပို့ရှိပြီးဖြစ်ကာ အစိုးရ အဖွဲ့ဝင်များနှင့်အတူ လိုက်ပါလာ သည့် လုပ်ငန်းရှင်ကြီးများက
လည်း ပျက်စီးသွားသည့်နေအိမ်များအတွက် အလှူငွေများ လှူဒါန်းလျက်ရှိသည်။

Democracytoday

မှတ်ချက်များ