ချောလှသူထက် စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးဆိုတာ


ယောင်္ကျားလေးတွေဟာ ကိုယ့်နေရာကို လုယူသွားမဲ့ ထက်တဲ့ မိန်းကလေးမျိုးကို ဝေးဝေးက ရှောင်တတ်ကြ၏။

ထက်တဲ့မိန်းကလေးမှာ အပြစ်မရှိပါ။ အပြစ်ရှိသူကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိပဲ မနာလို ဖြစ်တတ်တဲ့ ယောင်္ကျားလေးတွေကြောင့်ပါ။ ချောလှတဲ့ မိန်းကလေးက ခေတ်ရေစီးကြောင်းနဲ့အညီ လှပအောင် ပြင်ဆင် ဝတ်စားထားပင်မဲ့လည်း မနက်ဖြန်ရောက်ရင်တော့ ဒီအဝတ်အစားတွေက မလန်းတော့ရင် ဘယ်လိုလုပ်မလဲ။

ဒီနေရာမှာ ဥာဏ်ထက်ပြီး ပတ်ဝန်းကျင်ကသူတွေကို စကားပြောကောင်းကောင်းနဲ့ အသိဥာဏ်တိုးစေအောင် ပြောနိုင်တဲ့ မိန်းကလေးတွေကို ပိုပြီး တန်ဖိုးထားသင့်ပါတယ်။သူတို့က ဘယ်လို လောကကြီးကို အကျိုးပြုနေသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၀၁. ဘာကိစ္စပဲဖြစ်ဖြစ်၊ တနေရာတည်းက မဟုတ်ပဲ အဖက်ဖက်ကနေစဉ်းစား ဆုံးဖြတ်တတ်သူပါ

သူနဲ့စကားပြောနေချိန်မှာ သူ့ရဲ့ပြုံးနေတဲ့ မျက်နှာလေးတခုပဲမဟုတ်ပဲ ထက်တယ်ဆိုတာကို သိနိုင်မှာပါ။ သူနဲ့စကားပြောနေချိန်မှာ ရယ်စရာကောင်းတာတွေကို အဆက်မပြတ်ပြောနိုင်တယ်ဆိုတာကိုကတိုက်ဆိုင်လို့ မဟုတ်ပါ။ သူ့ရဲ့အားသာချက်ပါ။ ဒီလိုဖြစ်ရင် ဒီလိုပြောမယ်ဆိုတာကို သူ့ရဲ့ ခေါင်းထဲမှာ တွက်ပြီးသားပါ။

၀၂. စတိုင်တွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပင်မဲ့လည်း ဖြတ်ထိုးဥာဏ်ကတော့ မရိုးသွားပါ

မိန်းကလေးတွေက တနေ့တနေ့ ကိုယ့်ရဲ့အလှအတွက် ပျော်ရစိတ်ညစ်ရနဲ့ အမြဲအခက်ကြုံနေရတာပါ။ ဒါပင်မဲ့ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ မိန်းကလေးက သာမန်ရိုးရိုးလေးဖြစ်နေပါစေ။သူနဲ့စကားပြောလိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ကို ချမ်းသာစေနိုင်တဲ့ အစွမ်းရှိသူဖြစ်ပါလိမ့်မယ်။

၀၃. Facebook က Like ထက် ကိုယ့်ရဲ့ကမ္ဘာလေးထဲမှာ အသက်ရှင်နေသူပါ

မိန်းကလေးအများစုက ဘယ်သွားသွား၊ ဘာစားစား ဓါတ်ပုံတွေတင်ရ၊ ဘယ်သူ့ဆီက ဘယ်လောက် Like ရတာဆိုတာနဲ့ ပတ်ဝန်းကျင်ရဲ့မျက်စိတွေကို ရှေ့တန်းထားပြီး သွားလာလှုပ်ရှားနေပါတယ်။ကိုယ်ကိုယ်တိုင်လည်း ဒီလိုဖြစ်နေပြီဆိုရင်တော့ ဖုန်းကို ခဏချထားပြီး နည်းနည်းပြန် စဉ်းစားကြည့်ပါ။ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ မိန်းကလေးကတော့ သူ့ရဲ့ကမ္ဘာလေးထဲမှာ နေပျော်ပါတယ်။Facebook ပေါ်က သူငယ်ချင်းတွေထက် သူ့မှာကတော့ တကယ့်လက်တွေ့ သူငယ်ချင်းတွေ အများကြီးရှိတတ်ပြီး ပျော်စရာကောင်းမှာပါ။

၀၄. ကိုယ့်ရဲ့ ဟာသဥာဏ်ကို ယုံကြည်သူပါ

သူဟာ လူတယောက်ကို ရယ်မောစေအောင် ကောင်းကောင်းပြောတတ်သူဖြစ်တယ်လို့ ယုံကြည်မှုရှိသူပါ။ လူတစ်ယောက်ဟာ ဟာသကို ပြောတော့မယ်ဆိုရင် ဒီစကားဟာ နားထောင်တဲ့သူတွေ လက်ခံပါမလားဆိုပြီးတွေးပြီး ပူနေတတ်ပါတယ်။ ဒီမိန်းကလေးမှာတော့ ဒီလိုအတွေးတွေရှိမှာမဟုတ်သလို သူများတွေ စိတ်ချမ်းသာဖို့အတွက်သာလျှင် အလေးထားသူပါ။

၀၅. သူ့တာဝန်သာထားလိုက်ပါ

အမြဲတမ်းယောင်္ကျားလေးတွေပဲ စကားပြောချင်တယ်လို့ မတွေးပါနဲ့။ သူတို့လဲ မပြောချင်တဲ့အခါမျိုးမှာ သူကတာဝန်ယူလိုက်မှာပါ။ သူရဲ့စကားလုံးတွေထဲမှာ လွင့်မျောသွားပါလိမ့်မယ်။မနက်ရောက်ရင် Morning လို့ Msg ပို့လာတဲ့ မိန်းကလေးထက် တမနက်လုံး ပါးစပ်ကို မစေ့ရအောင် ထားနိုင်တဲ့ မိန်းကလေးနဲ့ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။

၀၆. ကြိုးစားချင်စိတ်ကို ထိမ်းကျောင်းပေးသူပါ
သူကိုယ်တိုင်လည်း စကားအပြောအဆိုကောင်းအောင် လေ့လာသင်ယူနေသလို ကိုယ့်ကိုလည်း စကားပြောကောင်းအောင် ထိမ်းကျောင်းပေးမှာပါ။ စကားပြောကောင်းအောင် တခုတည်းမဟုတ်ပဲ အရာရာမှာ မမှားအောင် ပံ့ပိုးပေးမဲ့သူ ဖြစ်ပါလိမ့်မယ်။

၀၇. အရှိကို အရှိအတိုင်း လက်ခံမဲ့သူပါ

သူက အရှိကို အရှိအတိုင်းလက်ခံပြီး ဘာကိုမှလည်း ထပ်ပြီးတောင်းဆိုလိမ့်မဲ့သူ မဟုတ်ပါ။ ဒါကြောင့်လည်း ယုံယုံကြည်ကြည်နဲ့ ဘဝလက်တွဲဖော်အဖြစ် လက်တွဲခေါ်သွားမှာပါ။

ChelmoTeam

မှတ်ချက်များ