ခဲတံနှင့် ခဲဖျက်ကို အသုံးပြုပြီးတော့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကို ရေးဆွဲခဲ့တဲ့ မြန်မာပြည်သား ရဲရင့်ဟိန်း









ဧရာဝတီတိုင်းသာ ရဲရင့်ဟိန်းဟာ အသက် ၈ နှစ်အရွယ်ကတည်းက ခဲခြစ်ပန်းချီတွေကို နှစ်သက်စွာ ရေးဆွဲခဲ့ပါတယ်။ သူဆွဲခဲ့တဲ့ ခဲခြစ်ပုံလေးတွေကတော့ အထူးသဖြင့် ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ အနုပညာရှင်တွေရဲ့ ပုံများ စတာတွေပင် ဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ရဲရင့်ဟိန်းဟာ အရင်ကတော့ ခဲခြစ် ပန်းချီတွေကို အခမဲ့ ရေးဆွဲခဲ့ပါတယ်။ သို့သော် ယခုနောက်ပိုင်းမှာ ရေဘေးအတွက် တစ်ပုံလျှင် ၁ သောင်း၊ ၃ သောင်း ပုံပေါ်မူတည်ပြီး ဈေးယူကြောင်း သိရပါတယ်။ သူဟာ ခဲတံနှင့် ခဲဖျက်ကိုပဲ အသုံးပြုထားပြီး လက်ရှိ အပြင်က ပုံနဲ့ တူညီအောင် ဆွဲတဲ့ အံ့ဖွယ် ခဲခြစ် ပန်းချီဆရာ တစ်ယောက် ဖြစ်ပါတယ်။

ယခုဆိုရင် သူဆွဲခဲ့တဲ့ ပုံတွေဟာ ၁၀၀ ကျော်လောက် ရှိပြီ ဖြစ်ပြီးနောင်များမှာလည်း ဒါထက်ကောင်းတဲ့ 
ပုံတွေကို ဖန်တီးသွားဖို့ ရှိကြောင်း ရဲရင့်ဟိန်းမှ ရိုးရာလေးသို့ ပြောပါတယ်။ ဒါ့အပြင် သူဆွဲခဲ့တဲ့ သက်တမ်း
တစ်လျောက်လုံးမှာ အများဆုံး ဆွဲဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများ ဖြစ်ကြောင်း မှတ်ချက်ပြု ပြောကြား ခဲ့ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ