ရေဘေးသင့်ပြည်သူများအတွက် လိုအပ်ပါက တရုတ်တပ်မတော်ကပါ အကူအညီပေးသွားမည်ဟု တရုတ်သံအမတ်ပြော


မြန်မာနိုင်ငံမှ ရေဘေး သင့်ပြည်သူများ ကယ်ဆယ်ရေးလုပ်ငန်း များအတွက် လိုအပ်ပါက တရုတ်တပ်မတော် ကပါ အကူအညီပေးနိုင်ရန် ဆောင်ရွက်သွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအ မတ်က
 ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများတွင် ကူညီသွားမည့်အပြင် လိုအပ်ပါက ထောက်ပံ့ရေးပစ္စည်းများ ပေး ပို့ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများအ တွက် တရုတ်တပ်မတော်ကပါ ကူညီပေး သွားမည်ဟု သြဂုတ် ၃ ရက်က စစ်ကိုင်း တိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးသာအေးနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ် HE. Mr. Hong Liang က ''ရေ ဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ အစားအသောက်ပစ္စည်းတွေ ထောက်ပံ့ပေး နိုင်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်ရင် တရုတ်တပ်မတော်ကပါ ကူညီ နိုင်အောင် ဆောင်ရွက်နေပါတယ်။ လက် ရှိတပ်မတော်က သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီနဲ့ အဆက်အသွယ် လုပ်နေပါတယ်''ဟု ပြောသည်။

တရုတ်နိုင်ငံမှ တပ်မတော်ရဲ့ အ ကူအညီကို ကလေးမြို့အပါအဝင် လိုအပ် ပါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စစ် ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ''လက် ရှိ မြန်မာ့တပ်မတော်ကလဲ အဘက်ဘက် မှ ကူညီပေးနေတာဖြစ်တာကြောင့် အဆင် ပြေနေတယ်''ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရေဘေး သင့်ပြည်သူများအတွက် အမေရိကန်ဒေါ် လာ သုံးသိန်းဝန်းကျင်ကို ကယ်ဆယ်ရေး ထောက်ပံ့ငွေအဖြစ် သတ်မှတ်ကာ ကယ် ဆယ်ရေးပစ္စည်းများ ဝယ်ယူပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊
မကွေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်များတွင် လှူဒါန်းသွားမည်ဟု သိရ သည်။ ယင်းအပြင် ရေနစ်မြုပ်သွားသည့် လယ်များအတွက် ပျိုးစပါးများ၊ အသင့်နေ ထိုင်နိုင်သည့်အိမ်များ ထောက်ပံ့ပေးနိုင် ရန်အတွက်လည်း တရုတ်ပြည်အစိုးရကို တင်ပြသွားမည်ဟု သိရသည်။

စိုးမြင့်နိုင် - Yangon Media Group

မှတ်ချက်များ