အိုင်အက်စ် အဖွဲ့ဝင်များကို လက်ထပ်ရန်ငြင်းသည့် အမျိုးသမီးများ ကွပ်မျက်ခံရ

ဓာတ်ပုံ - dailymail
တိုက်ခိုက်ရေးသမားတွေကို လက်ထပ်ဖို့ ငြင်းဆန်တဲ့ အမျိုးသမီး ၁၉ ဦးကို အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့က ကွပ်မျက်လိုက်တယ်လို့ ကာဒစ်ရှ် အရာရှိတွေက ပြောပါတယ်။

အရင်နှစ် ဇွန်လက အီရတ် မူဆိုလ်းကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဒီအမျိုးသမီးတွေကို အိုက်အက်စ်က ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကာဒစ်ရှ် ဒီမိုကရက်တစ်ပါတီ ပြောခွင့်ရက အမျိုးသမီးနဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကြောင့် အိုင်အက်စ်အဖွဲ့တွေအကြား စိတ်ဝမ်းကွဲပြားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မကြာသေးမီကလည်း အိုင်အက်စ်အဖွဲ့က ဖမ်းဆီးရမိတဲ့ အမျိုးသမီးတွေကို ရောင်းချတဲ့ ဈေးနှုန်းတွေ ရေးသားထားတဲ့ လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့ရဲ့ လိင်ကျွန်ဘ၀ကနေ လွတ်မြောက်လာတဲ့ အမျိုးသမီးတွေကလည်း တိုက်ခိုက်ရေးသမားတွေကို လက်ထပ်ဖို့ အတွက် ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား လုပ်ခံရတဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောဆိုပါတယ်။

ဒါ့အပြင် အိုင်အက်စ်ရဲ့ ဆိုးညစ်တဲ့ လိင်ကုန်ကူးမှုကို လေ့လာနေတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်က အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ အမျိုးသမီးတွေဟာ တအိမ်တက်ဆင်းလှည့်လည်ရောင်းချတဲ့ ပစ္စည်းတွေလို ဖြစ်နေပြီး အမျိုးသမီးတဦးကို အမျိုးသား ၆ ဦးက ၀ယ်ပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

အရင်နှစ်ကလည်း အိုင်အက်စ်တွေဟာ အီရတ် မြောက်ပိုင်းက ဆင်ဂျား ခရိုင်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ရာဇီဒီ လူ့အသိုင်းအ၀န်းက ရာချီတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးခဲ့ပါတယ်။

DVB

မှတ်ချက်များ