သာစည်မြို့လယ်ကောင် ယာဉ်ထိန်းရဲဂိတ်အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


သာစည်မြို့နယ် ဘုရားငါးဆူ ဈေးမှ ဈေးရောင်းပြန်လာကြသည့် ဒါရိုက်တာ ကိုတင့်ဝေ (၅၃ နှစ်)မောင်းနှင်လာသော အဖြူရောင် TOYOTA VAN အမျိုးအစား ယာဉ်သည် ယမန်နေ့က သာစည် မြို့လယ်ကောင် ယာဉ်ထိန်းရဲ နားနေ စခန်းနှင့် လိုင်းပေါင်းစုံ မော်တော် ယာဉ်ဂိတ်အနီးအရောက်တွင် တိုက် လော့ပြုတ်ပြီး ယာဉ်တိမ်းမှောက်၍ ပက်လက်လန်သွားသည်။

အဆိုပါ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ အမှတ်(၄) မြို့မ ရပ်ကွက်နေ မအေးမာ (၄၈ နှစ်)နှင့် အစ်ကိုဖြစ်သူ ယာဉ်မောင်း ကိုတင့်ဝေ တို့နှစ်ဦးမှာ အနည်းငယ် ဒဏ်ရာရ သည်မှအပ အခြားထိခိုက်မှု မရှိ ကြောင်း သိရသည်။

မောင်ကို(သာစည်) - Myanmaalinn

မှတ်ချက်များ