မူးယစ်ဆေးဖြတ်ပြီးနောက် အားကစား လုပ်ရတာကို စွဲနေတယ်ဆိုတဲ့ Eminem


Eminem တစ်ယောက် မူးယစ်ဆေးစွဲလန်းမှုကနေ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာရာမှာ Sir Elton John က အရေးပါသလို အားကစားကလည်း အဓိက ကျတယ်လို့ Eminem က ပြောပြခဲ့ပါတယ်။သူ့ ရဲ့ ကျန်းမာရေးအကြောင်း ဖော်ပြထားတဲ့ Men’s Journal ရဲ့ ဆောင်းပါးတစ်ခုမှာ Eminem က ၂၀၀၇ ခုနှစ်တုန်းက အကိုက်အခဲပျောက်ဆေးဝါးတွေဖြစ်တဲ့ ဗီကိုဒင် နဲ့ ဒိုက်ကာစီဗင် တို့ ကို အလွန်အကျွံစွဲသောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဆေးဝါးတွေကြောင့် အစာအိမ်မှာ အပေါက်ဖြစ်ခဲ့ပြီး အစာအိမ်အနာသက်သာ အောင်လို့ အစားတွေ ဆက်တိုက်စားခဲ့မိပြီး ပေါင်ချိန် ၂၃၀ နီးပါးအထိ တက်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။Eminem ဟာ ပြန်လည်ထူထောင်ရေး စင်တာကနေ ထွက်လာပြီးနောက် အိပ်မရ တွေဖြစ်နေခဲ့တာကြောင့် အပြေးလေးကျင့်ဖို့ စိတ်ကူးရခဲ့တယ်လို့ ဆိုပါတယ်။

“ အပြေးလေ့ကျင့်ခန်းက အင်ဒိုဖင်ဟော်မုန်းမြင့်တက်စေပြီး ကျွန်တော့်ကို ကောင်းကောင်းအိပ်ပျော်စေခဲ့ပါတယ်၊ သိပ်ဟန်ကျခဲ့တာပေါ့” လို့ ရှင်းပြခဲ့ပါတယ်။“အခုဆို ကျွန်တော်က ဟမ်းစတားကြွက် တစ်ကောင်ဖြစ်နေပြီ။ အပြေးစက်ပေါ်မှာ တစ်နေ့ ကို ဆယ့်ခုနှစ်မိုင်လောက်ပြေးဖြစ်တယ်။ မနက်မိုးလင်း စတူဒီယိုမသွားခင် ရှစ်မိုင်ခွဲလောက် ပြေးပြီး ပြန်လာရင် ကျန်တဲ့ ခုနှစ်မိုင်ခွဲလောက်ပြေးတယ်၊ အခုဆို ပေါင်ချိန် ၁၄၉ ပေါင်လောက်ပဲ ရှိတော့တယ်” လို့ Eminem က ပြောပြခဲ့ပါတယ်။

Eminem ဟာ မက်တာဒုန်းအလွန်အကျွံသုံးစွဲမှုကြောင့် အသက်လုခဲ့ရပြီးနောက် Elton John ဆီက အကြံဥာဏ်တောင်းခဲ့ရတယ်လို့လည်း ဖွင့်ဟခဲ့ဖူးပါတယ်။

ye wint - Trend Myanmar

မှတ်ချက်များ