ဝေဖန်မှု အများအပြားနဲ့ ရင်ဆိုင်နေရတဲ့ Fantastic Four ရုပ်ရှင်ဇာတ်ကား


ဒါရိုက်တာ Josh Trank ရိုက်ကူးထားတဲ့ Fantastic Four ဇာတ်ကားကို သြဂတ်စ်လ ၄ ရက်နေ့ က နယူးယော့ခ်မြို့ မှာ ပွဲဦးထွက် တင်ဆက်ခဲ့ပြီးနောက် Fantastic Four ဇာတ်ကားဟာ ဝေဖန်မှုများစွာနဲ့  ရင်ဆိုင်နေရပါတယ်။

20th Century Fox ဟာ “Fantastic Four” ဇာတ်ကားကို သောကြာနေ့ မှ စတင် ရုံတင်ပြသမှာဖြစ်ပြီး ပရိသတ်တွေဟာ Johnny Storm ဇာတ်ကောင်နေရာမှာ အာဖရိကန်-အမေရိကန်လူမျိုး Michael B.Jordan က သရုပ်ဆောင်ခဲ့မှုကို သဘောမကျခဲ့ကြပါဘူး။ Johnny Storm ဟာ ရုပ်ပြဇာတ်လမ်းတွဲ comics မှာ လူဖြူ တစ်ယောက်ဖြစ်ပါတယ်။

နာမည်ကြီး ရုပ်ရှင်သတင်းနဲ့ ဝေဖန်ရေး ၀က်ဘ်ဆိုဒ် Rotten Tomatoes က rating ကိုးရာခိုင်နှုန်းသာ ပေးထားပါတယ်။ Metacritic မှာလည်း Fantastic Four ဇာတ်ကားဟာ အမှတ် ၁၀၀ မှာ ၂၇ မှတ်သာရရှိခဲ့ပါတယ်။ဒီဇာတ်ကားဟာ အရင်ထွက်ရှိပြီးသား Fantastic Four ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲ မဟုတ်ဘဲ ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ ကားဖြစ်ပါတယ်။

ye wint - Trend Myanmar

မှတ်ချက်များ