| တပ်ကြပ်ကြီး Sazan Talib |
| ဗိုလ်မှုး Nahida Ahmad Rashid နဲ့ သူမရဲ့ စစ်တပ်အဖွဲ့ဝင်များ |
ဒီစကားတွေကိုတော့ အသက် ၂၃ နှစ်အရွယ် Sazan Talib ဆိုသူအမျိုးသမီးက ပြောခဲ့တာဖြစ်ပြီး သူမကတော့ အီရတ် မြောက်ပိုင်းက သူပုန်အဖွဲ့တွေကို တိုက်ခိုက်နေတဲ့ Kurdish Peshmerga အဖွဲ့ရဲ့ တပ်ကြပ်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။
သူမပြောပြခဲ့တာကတော့ သူမတို့အနေနဲ့ Daesh လို့ သမုတ်ခေါ်ဝေါ်လေ့ရှိတဲ့ Isis အဖွဲ့က ယောကျာင်္းလေး တပ်သားတွေဟာ သူတို့အနေနဲ့ စစ်ပွဲအတွင်း အမျိုးသမီး တစ်ယောက်က သတ်လိုက်တာကိုခံခဲ့ရရင် ပါရာဒိုက်စ် ကို မရောက်နိုင်တော့ဘူး လို့ အယုံအကြည်ရှိနေကြပါတယ်။
"သူတို့ က ကျွန်မတို့ အဝေးကို ထွက်ပြေးသွားပါတယ်။ သူတို့ ကြောက်နေပါတယ်။ အဲဒါ ကျွန်မ တို့အတွက်ကောင်းပါတယ်။" လို့ Sazan က ဆိုပါတယ်။ သူမတို့ရဲ့ အမျိုးသမီး သီးသန့် စစ်တပ်ဟာ တိုက်ပွဲ ၂ ခုကို အောင်မြင်ခဲ့ပြီးဖြစ်သလို အင်အား ၅၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ သူမတို့ရဲ့ လက်နက် ကတော့ ရန်သူတွေရဲ့ ယုံကြည်မှုပါတဲ့။
"သူတို့ဟာ ကျွန်မလို့ သတ်တာ ကို မခံချင်ကြဘူး။ အဲဒါကျွန်မတို့အတွက် လက်နက်ပဲ။ ဒါပေမယ့် ကျွန်မတို့ Daesh အဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို မခံရဖို့တော့လိုတယ်။ သူတို့ဟာ မိန်းမ တွေကို လူလို ဆက်ဆံကြတာမဟုတ်ဘူး။ " လို့ Kurdish Peshmerga အဖွဲ့ရဲ့ ဗိုလ်မှုးဖြစ်သူ အသက် ၄၉ နှစ်အရွယ် Nahida Ahmad Rashid ကဆိုပါတယ်။
Isis အဖွဲ့ဟာ အမျိုးသမီး ဓါးစာခံတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေပြုလုပ်မှု ကြောင့် နာမည်ကြီးနေတဲ့အဖွဲ့ပါ။ တရားဝင်ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ အမေရိကန် ရှေးဦးသူနာပြုလုပ်သားတစ်ယောက်ဖြစ်တဲ့ Kayle Mueller ဟာ Isis ခေါင်းဆောင် Abu Bakr al-Baghdadi ရဲ့ အကြိမ်ပေါင်းများစွာ မုဒိမ်းကျင့်ခြင်းကိုခံခဲ့ရတယ်လို့ သိရပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Metro
မှတ်ချက်များ