တစ်ယောက်တည်းပါပဲ
မိသားစု သူငယ်ချင်းတွေ ရှိချင် ရှိလိမ့်မယ်
ဒါပေမယ့် တစ်ယောက်တည်းပါပဲ
မိတ်ဆွေ အချွေအရံတွေ များချင် များလိမ့်မယ်
ဒါပေမယ့် တစ်ယောက်တည်းပါပဲ
ချစ်သူ မုန်းသူတွေ ပေါများချင် ပေါများနေလိ့်မ့်မယ်
ဒါပေမယ့် တစ်ယောက်တည်းပါပဲ
မွေးလာတုန်းက တစ်ယောက်တည်း သေသွားရင်လည်း တစ်ယောက်တည်း
ကောင်းတာလုပ်ရင် ကောင်းတာ ခံစားရမှာလည်း တစ်ယောက်တည်း
မကောင်းတာလုပ်လို့ မကောင်းတာ ခံစားရမှာလည်း တစ်ယောက်တည်းပါပဲ။
မေ့မနေကြပါနဲ့။ တစ်ယောက်တည်း လာပြီး တစ်ယောက်တည်း ပြန်ရမယ်ဆိုတာကို.....
ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ