ဟဲဗီးမယ်တယ် အဆိုတော်ရဲ့ သမီး မွေးပြီးချင်း လက်ထောင်ပြ
Rock 'n' Roll ရဲ့ အမှတ်သား Symbol ပုံစံကို မွေးကင်းစ ကလေးငယ်လေးဟာ နို့ချို သောက်နေစဉ် လုပ်ပြ သွားပါတယ်။ သူဟာ ဂျပန်နိုင်ငံမှာ နာမည်ကြီးတဲ့ ဟာဇူကီ အမည်ရ ဟဲဗီမယ်တယ် အဆိုတော်တစ်ဦးရဲ့ သမီးလေး ဖြစ်ပါတယ်။
ဟာဇူကီဟာ Grollschwert အမည်ရဲ့ band ရဲ့ ခေါင်းဆောင် အဆိုတော် ဖြစ်ပါတယ်။ ဇနီးဖြစ်သူ ကလေးကို ဝန်းတွင် လွယ်ထားစဉ်မှာပဲ ဟဲဗီး မယ်တယ် သီချင်းတွေ အဖွင့်များထားလို့ ကလေးငယ်မှာ ဟဲဗီးမယ်တယ် သီချင်းပေါ် ကြိုက်နှစ်သက်ခြင်းဖြစ်ကြောင်းလည်း မှတ်ချက်ပေးကြ ပါတယ်။ ကလေးငယ်ကို သူ့အဖေ သီချင်းတွေဖွင့်ပေးရင် မငိုပဲ နားထောင် ပါတယ်။ ဒါကြောင့်မို့ ဖအေတူ သမီး အဖြစ်လည်း ပြောစမတ် ပြုကြ ပါတယ်။
လက်သန်းနဲ့ လက်ညိုး ထောင်နေတဲ့ ပုံကို ဟာဇူကီမှ သူ့ရဲ့ Facebook Pag ပေါ် တင်တဲ့အခါ ကြည့်ရှုသူ ကြိုက်နှစ်သက်သူ များပြားခဲ့ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)


မှတ်ချက်များ