၃ လက်မ ထပ် ပိုမကြီးတော့တဲ့ ဖြူငယ်
ဗြိတိန်နိုင်ငံ North Yorkshire မှာ ဖြူငယ်လေးမိသားစုတစ်ခု အသိုက်အဖျက်ဆီးခံရပြီးနောက် ခိုကိုးမဲ့နေချိန် အမျိုးသမီးတစ်ဦးဟာ ကောက်ယူမွေးစားခဲ့ ပါတယ်။ ဖြူငယ်လေးမိသားစုထဲမှာ ရှားရှားပါးပါးပဲ အကောင်မထွားတော့တဲ့ ဖြူငယ်တစ်ကောင် ပါရှိလာပါတယ်။
အသက်အားဖြင့် ၃ လရှိပြီ ဖြစ်ပြီး သူနဲ့ ရွယ်တူတွေဟာဆိုရင် သူ့ထက် အနည်းဆုံး ၂ဆမက ကြီးနေပြီ ဖြစ်ပါတယ်။ သူကတော့ အမြင့် ၃ လက်မ၊ အရှည် ၃ လက်မထက် မပို ပါဘူး။ ပန်းသီးတစ်လုံးစာပဲ အရွယ် ရှိပါတယ်။ ပေါင်ချိန် အားဖြင့်လည်း ၄ အောင်စ ပဲ ရှိပါတယ်။ သူ့မှာ မွေးကတည်းက အကောင် မထွားနိုင်တော့တဲ့ ဗီဇတစ်ခု ပါဝင်လာတာကြောင့် ဆက်ပြီးတော့ ထွားတော့မှာ မဟုတ်ကြောင့် လေ့လာတွေ့ရှိထားပါတယ်။ သာမန်အားဖြင့် ဖြူငယ်တစ်ကေင်ာဟာ ၁၄ နှစ်အထိ အသက်ရှင်ပေမယ့် ယင်း အကောင်ငယ်ကတော့ အသက် ဘယ်လောက်ရှင်မယ်ဆိုတာ မသိသေး ပါဘူး။
အရွယ်အလွန်သေးတာကြောင့် တောထဲ ပြန်လွတ်ရင် အသက်အန္တရာယ် များတာကြောင့် အမျိုးသမီးဟာ ယင်းအကောင်ကို မွေးစားခွင့် ရခဲ့ ပါတယ်။ သူမ အနေနဲ့ အင်မတန် သေးတဲ့ ဖြူငယ်ကို ဓာတ်ပုံရိုက်လို့ ဆိုရှယ်မီဒီယာပေါ် တင်တဲ့အခါ လူကြိုက်များ ခဲ့ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)






မှတ်ချက်များ