သင် သေဆုံးတော့မှာလားဆိုတာ အတိအကျပြောပေးနိုင်မယ့် စူပါကွန်ပြူတာ
အမေရိကန်ဆရာဝန်တွေဟာ လူတစ်ယောက်ရဲ့သေဆုံးနိုင်ခြေကို ၁၀၀ ရာခိုင်နှုန်းအတိအကျ ခန့် မှန်းပေးနိုင်မယ့် ခေတ်လွန်စူပါကွန်ပြူတာတစ်လုံးကို ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်ခဲ့ပါတယ်။
Boston မြို့ ၊ Beth Israel Deaconess Medical Center က ဆရာဝန်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းက လူနာပေါင်း ၂၅၀၀၀၀ ကျော်ရဲ့ ဒေတာအချက်အလက်တွေကို စက်ထဲဖြည့်သွင်းပေးပြီးနောက် အဆိုပါဒေတာတွေကို စက်က အခြေပြုတွက်ချက်ကာ ရောဂါအမြန်ဆုံး ရှာပေးနိုင်ခဲ့ပါတယ်။
အဆိုပါစူပါကွန်ပြူတာဟာ လူသားဆရာဝန်တွေထက် ရောဂါရှာဖွေအဖြေထုတ်ရာမှာ ပိုမိုတိကျကောင်းမွန်မှု ရှိတယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
ယခုလို မြန်ဆန်တဲ့ရောဂါရှာဖွေနိုင်မှုကြောင့် ဝေဒနာခံစားရသူတွေကိုအချိန်မီအလျင်အမြန်ကုသနိုင်ကာ၊ အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်မှာဖြစ်သလို ရောဂါရှင် မကြာမီသေရတော့မှာလားဆိုတာကိုလည်း တွက်ချက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
စူပါကွန်ပြူတာဟာ သုံးမိနစ်တိုင်းမှာ လူနာတွေရဲ့ အောက်စီဂျင်ပမာဏ၊သွေးပေါင်ချိန်ကအစ အခြေအနေအားလုံးကို တိုင်းတာပေးပြီး ဆရာဝန်တစ်ယောက်သိဖို့ လိုအပ်တဲ့ လူနာရဲ့အချက်အလက်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
စက်ရဲ့တွက်ချက်အဖြေထုတ်မှုကို ကြည့်ပြီး လူနာတစ်ယောက်ဟာ သေဆုံးနိုင်ခြေမြင့်မားနေလားဆိုတာကို ဆရာဝန်တွေက ၉၆ ရာခိုင်နှုန်းအတိအကျ ခန့် မှန်းပေးနိုင်မှာဖြစ်တယ်လို့  Bonston Medical Center က ဆရာဝန် Steve Hong က ပြောကြားခဲ့ပါတယ်။
ကွန်ပြူတာက လူနာတစ်ယောက်ကို သေရတော့မယ်လို့ ဖော်ပြပြီဆိုတာနဲ့ နောက်ထပ် ရက်ပေါင်း ၃၀ အတွင်းမှာ ထိုလူနာ သေဆုံးနိုင်ကြောင်း Dr.Hong က ဆက်လက်ပြောပြခဲ့ပါတယ်။
Ye Wint - သစ်ထူးလွင်
Ref: Mirror
မှတ်ချက်များ