စပျစ်သီး ၊ ချော့ကလက် ၊ မြေပဲ နဲ့ အနီရောင် ၀ိုင်တို့ ဟာ အယ်လ်ဇိုင်းမား ရောဂါ ကို သက်သာစေနိုင်
အစောပိုင်းက ပြုလုပ်ထားတဲ့ လေ့လာမှု တွေအရ အယ်လ်ဇိုင်းမား ဝေဒနာ ရှင် တွေ အပေါ်မှာ Resveratrol ဆိုတဲ့ ပိုလီဖနော ကွန်ပေါင်း ရဲ့ သက်ရောက်မှု ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသီတွေကတော့ ထို ကွန်ပေါင်းဟာ အယ်လ်ဇိုင်းစမား ရောဂါ ရဲ့ အရေးကြီး ကဏ္ဍ တစ်ခု ဖြစ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Neurology ၊ The Phase 2 ၊ Placebo-controlled ၊ Double-Blind ဂျာနယ် တို့မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှု အရတော့ လူနာ ၁၁၉ ယောက်ကို ၁ နှစ်တိတိ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှု အခြေအနေတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။ လူနာ တစ်ဝက်ကတော့ Resveratrol ဆိုတဲ့ ပိုလီဖနော ကွန်ပေါင်း ကို ရယူစေခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ Placebo ဆိုတဲ့ ဆေးဝါးတစ်မျိုးကို ပေးခဲ့ပါတယ်။
တစ်ကယ်တော့ Resveratrol ဆိုတဲ့ ပိုလီဖနော ကွန်ပေါင်းဟာ အနီရောင် စပျစ်သီး တွေ ၊ ချော့ကလက်တွေ ၊ မြေပဲ တွေ နဲ့ အနီရောင် ၀ိုင် တွေမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ သုတေသီတွေဟာ ဒီလေ့လာမှုအတွက် စစ်မှန်တဲ့ Resveratrol ကွန်ပေါင်း တွေကိုသာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် သုတေသီတွေဟာ လူနာတွေကို ၀ိုင်အနီ ပုလင်း ၁၀၀၀ စာနဲ့ ညီမျှ တဲ့ Resveratrol ကွန်ပေါင်း တွေကို အညီအမျှ ခွဲဝေ ပေးခဲ့ပါတယ်။
ရလဒ်ကတော့ Placebo ဆေးဝါး အသုံးပြုခဲ့တဲ့ လူနာတွေရဲ့ သွေးနဲ့ ကျောရိုး ချဉ်ဆီ တွေထဲမှာ Abeta40 လို့ခေါ်တဲ့ မျိုးရိုးဗီဇ တစ်မျိုး ကျဆင်းလာတာကို တွေ့ရပြီး Resveratrol အသုံးပြုခဲ့တဲ့ လူနာတွေမှာတော့ Abeta40 ပမာဏ အနည်းငယ် (သို့) ပြောင်းလဲမှု မရှိခဲ့တာကိုတွေ့ရပြန်ပါတယ်။
Abeta40 ပမာဏ လျော့နည်းလာမှုဟာ အယ်လ်ဇိုင်းမား ရောဂါသည်တွေအတွက် ပိုမို ရူးသွပ်မှု ဆိုးရွားလာစေနိုင်ပါတယ်။ ဒါကြောင့် Abeta40 ပမာဏ ကို သက်ရောက်မှု မရှိစေခဲ့တဲ့ Resveratrol ဟာ အယ်လ်ဇိုင်းမား ရောဂါ သည်တွေအတွက်တော့ ကောင်းကျိုး ရှိလာစေနိုင်တယ်လို့ ထိုလေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ Georgetown တက္ကသိုလ် ဆေးပညာ ဌာန က ဒေါက်တာ R.Scott Turner က ဆိုပါတယ်။
Mario - သစ်ထူးလွင်
Ref : Upi
မှတ်ချက်များ