![]() |
| ရန်ကုန်မြို့သစ်စီမံကိန်း အဆိုပြုတင်ဒါလျှောက်လွှာများ ပဏာမဖွင့်ဖောက်စိစစ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမတွင် ကျင်းပစဉ်။ Photo: ရဲနောင်(ဖယ်ခုံ)။ |
ရန်ကုန်မြို့သစ်စီမံကိန်း Developer အဆိုပြု တင်ဒါလျှောက်လွှာ များ ပဏာမ ဖွင့်ဖောက်စိစစ်ခြင်းအ ဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးကျော် စိုးက ''စိစစ်မယ့်ကာလက ဘယ် လောက်အချိန်ကြာမလဲ မပြောနိုင် သေးပါဘူး။ သူတို့ဟာတွေက အခုမှ စဖောက်ပြီး အသေးစိတ်စိစစ်မှာ ဆိုတော့ ကာလတော့ မပြောနိုင်သေး ဘူး။ ရန်ကုန်မြို့သစ်စီမံကိန်းအ တွက် အခုတင်ပြတဲ့ ကုမ္ပဏီသုံးခု ထဲကပဲ ရွေး ချယ်သွားမှာပါ။ အ သေးစိတ်စိစစ်ဖို့က ပြောဖို့ခက်ပါ တယ်။ ဒီစီမံကိန်းက လုပ်ငန်းကလဲ ကျယ်ပြန့်တယ်။ ပမာဏလဲကြီးမား တယ်။ အဲဒီအတွက် အချိန်အတိုင်း အတာလဲပြောဖို့ခက်ပါတယ်။ အခုအ ဆိုတင်သွင်းသွားတဲ့ ကုမ္ပဏီသုံးခုစ လုံးကို အားရကျေနပ်မှုရှိပါတယ်''ဟု ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်း လုပ်ကိုင်ရန် အဆိုပြုသည့် ကုမ္ပဏီသုံးခုမှာ (၁) ရန်ကုန် အနောက်တောင် ဒေသဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင် သော ကုမ္ပဏီသည် အမေရိကန်ဒေါ် လာ ၁၅ ဘီလီယံဖြင့် အဆိုပြုထား ကြောင်း၊ (၂) Business Capital City Development ltd သည် ပြည်တွင်း၊ ပြည်ပ ဘဏ်များမှ ချေးငွေရယူခြင်း နှင့် ရှယ်ယာခေါ်ယူခြင်း၊ ဒါရိုက်တာ များပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှုဖြင့် အဆိုပြုထားကြောင်း၊ (၃) ရွှေပုပ္ပား အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်သည် မြန်မာငွေ ကျပ် ၅၀၀ ဘီလီယံနှင့် ပြည်တွင်း၊ ပြည်ပဘဏ်များမှ ချေးငွေရယူခြင်း ဖြင့် အဆိုပြုထားပြီး အဆိုပြုသည့် ကုမ္ပဏီသုံးစလုံးမှာ အခြေခံအချက်များ တင်ပြမှုမှာ ပြည့်စုံမှုရှိကြောင်း တင်ဒါ ခေါ်ယူရေးလုပ်ငန်းအဖွဲ့မှ သိရသည်။
ရန်ကုန်အနောက်တောင် ဒေ သဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီမှ ဒါရိုက်တာ ဦးခင် မောင်သန့်က ''အခုရန်ကုန်မြို့သစ် စီမံကိန်းကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံမြှုပ် နှံဖို့ပြင် ဆင်ထားပါတယ်။ ဒီ ၁၅ ဘီလီယံ က ဒေသခံတွေကလဲပါဝင်တယ်။ ကျွန် တော်တို့ကလဲ နောက်ထပ်စင်ကာပူ ဘဏ်သုံးခုနဲ့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အရစ်ကျ အိမ်ရာတွေပါမယ်။အငှား အိမ်ရာတွေပါမယ်။ အိမ်ခြေရာမဲ့ တွေအတွက် တိုက်ခန်းပေါင်းနှစ် သောင်းကို နိုင်ငံတော်အစိုးရကို အလကားပေးဖို့ ရေးဆွဲထားပါ တယ်။
ဒေသခံ ပြည် သူတွေအတွက်လဲ လူ ဦးရေ လေးသိန်းလောက်အလုပ် အကိုင်ရရှိနိုင်အောင် ခန့်မှန်းထား ပါတယ်။ ဒီစီမံကိန်းက သုံးနှစ်အတွင်းမှာ အခြေခံအဆောက် အအုံတွေ၊ လမ်းတွေ၊ တံတားတွေကို သုံးနှစ်အ တွင်းတည်ဆောက်ဖို့ စီစဉ်ထားပါ တယ်။ နောက်ပိုင်းမှာ ငါးနှစ်မှ ခုနစ် နှစ်အတွင်း အခြေခံ အဆောက်အအုံ တွေ ပြည့်စုံအောင်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခု တည်းကို တင်ဒါပေးပါဆိုပြီး မတောင်းဆိုထားပါဘူး။
ကျွန်တော်တို့က ဒီ မြို့သစ်ကြီး ဖြစ်ချင်တာရယ်၊ ဒေသ ခံတွေရဲ့ လူနေမှုအဆင့်အတန်းမြင့် မားစေချင်တာရယ်၊ နောက်တစ်ခုက ရန်ကုန်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေး ယာဉ်ကြောပိတ်ဆို့တာတွေ၊ အခြား ရေမီး အခက်အခဲတွေကို ကျော်လွှားပြီး တော့ နိုင်ငံတကာ အဆင့်မီတဲ့မြို့ သစ်ကြီးကို ရန်ကုန်မှာပေါ်ထွက်စေ ချင်တဲ့ဆန္ဒနဲ့ နိုင်ငံတော်ကနေဒီမှာ တင်ဒါတင်သွင်းတဲ့ ကုမ္ပဏီသုံးခုစလုံး လုပ်ပါဆိုရင်လဲ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ''ဟုပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း Developer အဆိုပြုတင်ဒါလျှောက်လွှာ များ ပဏာမဖွင့်ဖောက် စိစစ်ရက် ခြင်းကို နံနက် ၁၀ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂ လာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း Developer အဆိုပြုတင်ဒါလျှောက်လွှာ များ ပဏာမဖွင့်ဖောက်စိစစ်ခြင်းကို လာရောက်လေ့လာသူ ရန်ကုန် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ''ကုမ္ပဏီ ၅၄ ခု က လျှောက်လွှာဝယ်ထားပြီးတော့ အခုကုမ္ပဏီ သုံးခုပဲလာတင်တယ်။ တင်ဒါလာတင်တဲ့အခါမှာ အသေးစိတ် အချက်အလက်တွေ အများကြီးလို တယ်။ အခု တင်ဒါစိစစ်ရေးအဖွဲ့မှာ အခုလောလောဆယ်ကတော့ ပညာ ရှင်ကလဲ အန်တီသိပ်မတွေ့ဘူး။ ပညာ ရှင်တွေနဲ့လဲ သေချာစိစစ်သင့်ပါတယ်။ ပညာရှင်ဆိုတဲ့နေရာမှာ တကယ်လွတ် လပ်တဲ့ ပညာရှင်တွေလဲဖြစ်သင့် သလို အပြည်ပြည်ဆိုင်ရာ ပညာရှင် တွေလဲဖြစ်ရမှာပေါ့။

ကုမ္ပဏီတွေ အ နေနဲ့လဲ ဒီစီမံကိန်းမစခင်ကတည်းက မြေပိုင်ဆိုင်မှုတွေရှိနေလားဆိုတာ အစိုးရအနေ နဲ့ ဖော်ထုတ်ဖို့တာဝန်ရှိ ပါတယ်။ ဒီစီမံကိန်းမစခင်ကတည်းက အစိုးရမကြေညာခင်ကတည်းက သူ့လက်ထဲမှာ မြေပိုင်ဆိုင်မှုတွေ ရှိ နေတယ်ဆိုရင် အန်တီတို့မေးခွန်း ထုတ်ရမှာပေါ့။ ဒါတွေက ဘယ်လို နည်းနဲ့ပိုင်ဆိုင်ထားသလဲဆိုတာပေါ့။ လာရောက်အဆိုတင်သွင်းတဲ့ ကုမ္ပဏီ ကနည်းပေမယ့် လုပ်ငန်းတစ်ခုချင်း အတွက် ပညာရှင်တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်မယ်ဆိုရင် အဆင်ပြေ မှာပါ''ဟုပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို ရန် ကုန်မြို့အနောက်ဘက် ပန်းလှိုင်မြစ် နှင့် တွံတေးတူးမြောင်းကြား၊ လှိုင် မြစ်နှင့် လှိုင်သာယာ-တွံတေးကား လမ်းအကြားရှိ မြေဧကပေါင်း သုံး သောင်းပေါ်တွင် တည်ဆောက်မည် ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၅ ဇွန် ၁၅ ရက် က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ စီမံကိန်းကိုအတည်ပြုခဲ့ ခြင်းဖြစ်သည်။
''ဦးတို့မျှော်မှန်းနေတဲ့ နိုင်ငံ တကာအဆင့်မီ မြို့သစ်ကြီးဖြစ်လာ မယ်ဆိုတော့ အရမ်းဝမ်းသာပါတယ်။ နောင်လာနောင်သားတွေ ကောင်းစား တော့မှာပါ။ အခုဆို လမ်းပန်းဆက် သွယ်ရေးကလဲမကောင်းတော့ ပြည် သူတွေအတွက် အရမ်းဒုက္ခရောက်ပါ တယ်။ ဒီစီမံကိန်းကြီး အကောင်အ ထည်ဖော်ဖြစ်ရင် ဦးတို့မြို့နယ်က ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးတွေကအစ အများကြီး တိုးတက်လာမှာပ''ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဝါရုံဆိပ်ကျေးရွာမှ ဦးမောင်ကြီးကပြောသည်။
တည်ထောင်လိုသူကုမ္ပဏီများ သည် ကုမ္ပဏီဆိုင်ရာအချက်အလက် များ၊ ရင်းနှီးမြှုပ်နှံမည့်ငွေကြေးအစီအစဉ်၊ နည်းပညာအကူအညီရယူ ဆောင် ရွက်မည့်အစီအစဉ်၊ စီမံကိန်းအ ကောင်အထည်ဖော်မည့်အစီအ စဉ်၊ ပြည်သူများအတွက် လူမှုစီးပွားဆိုင် ရာဆောင်ရွက်ပေးမည့် အစီအစဉ် များကိုဖော်ပြပြီး တင်ဒါအာမခံစ ပေါ်ငွေကျပ် ငါးဘီလီယံပေးသွင်းထားသည့် ချလန်မူရင်းများဖြင့် အဆိုပြုလျှောက်ထားခဲ့ကြောင်း သိရသည်။
TST,NG / Democracy today

မှတ်ချက်များ