မီးသီးကို မျက်လုံးပုံစံ အားဖြည့်ကူညီပေးမယ့် စတစ်ကာ
ကော်နဲ့ကပ်ရတဲ့ မျက်တောင်မွှေးပုံစံ ကား စတစ်ကားလေး ဖြစ်ပါတယ်။
ရှေ့မီးသီးတွေကို အ၀ိုင်း တပ်ဆင်ထားတဲ့ လိပ်ခုံးကား(Volkswagen Beetle) တို့ Fiat 500 တို့လို ကားလေးတွေမှာ အသုံးပြု တပ်ဆင်လိုက်မယ်ဆိုရင် မီးသီးတွေဟာ မျက်လုံးတစ်စုံနဲ့ အနီးစပ်ဆုံး တူညီသွားစေပြီး ချစ်စရာကောင်းသလို ဖန်စီလည်း ဖြစ်ပါတယ်။
အထူးသဖြင့်တော့ မိန်းကလေးတွေ ပိုနှစ်သက်မှုရှိမယ့် ဒီစတစ်ကာလေးကို နှစ်ခုပါ တစ်စုံတန်ဖိုး အမေရိကန် ဒေါ်လာ ၄.၉၈၊ မြန်မာနိုင်ငံအတွက် ပို့ဆောင်ခ ၀.၆၅ ဒေါ်လာ အပါအ၀င် စုစုပေါင်း ၅.၆၃ ဒေါ်လာနဲ့ www.aliexpress.com ၀က်ဘ်ဆိုက်မှာ ရောင်းချပါတယ်။
ကျော်ကျော် (မိုမိုလေး)




မှတ်ချက်များ