![]() |
| ချိုင်းနားယူနိုက်တက် ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဂျန်းကျန်းဇင်။ (ဓာတ်ပုံ - ဆင်ဟွာ) |
အဲဒီဖိုရမ်ဟာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား အင်တာနက်နဲ့ နည်းပညာ စက်မှုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
ချိုင်းနားယူနီကွန်း ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှ ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ပူးပေါင်းပြီး ရေအောက် ကေဘယ်လ်ဆက်ကြောင်းလိုင်း တည်ဆောက်မှုလုပ်ငန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ချိုင်းနားယူနီကွန်းအုပ်စု၊ ချိုင်းနားယူနိုက်တက် ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ ဒုတိယအထွေထွေမန်နေဂျာ ဂျန်းကျန်းဇင်က ပြောပါတယ်။
အခုတည်ဆောက်မယ့် ကေဘယ်လ်ဆက်ကြောင်းလိုင်းဟာ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြား သတင်းအချက်အလက် စီးဆင်းမှုတွေ မြန်ဆန်လာစေမှာဖြစ်တယ်လို့ သူကပြောပြီး အသေးစိတ် အခြေအနေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။
ရေအောက်ကေဘယ်လ်ဆက်ကြောင်းလိုင်း တည်ဆောက်မှုဟာ လုပ်ဆောင်နေဆဲ အဆင့်သာရှိပြီး ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၅၀ မီလီယံရှိတယ်လို့ ဂျန်းကျန်းဇင်က ပြောပါတယ်။
DVB

မှတ်ချက်များ