![]() |
| ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၂ ရက်က လွိုင်ကော်မြို့ခံလူထုနှင့် တွေ့ဆုံစဉ်။ Photo: NLD CHAIRPERSON OFFICE |
''ရန်ကုန်မှာ ဒေါ်အောင်ဆန်း စုကြည် စည်းရုံးရေးမဆင်းပါဘူး။ ဒီတစ်ပတ်အတွင်းမှာတော့ နေပြည် တော်နဲ့ ရမည်းသင်းကို မဲဆွယ်စည်း ရုံးရေးဆင်းမယ်။ ၂၀ ရက်နေ့က နေပြည်တော်မှာတော့ တစ်ပွဲတည်း ပါ၊ မြို့နယ်ကတော့ သီရိတော့ သီရိ ပဲ၊ ဘာသီရိဆိုလား မမှတ်မိတော့ ဘူး။ ၁၉ မှာတော့ ရမည်းသင်းမြို့ ပေါ်မှာလုပ်မှာပါ။ အခုတော့ ဒေါ် အောင် ဆန်းစုကြည်က ရန်ကုန်မှာပါ ပဲ''ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန် က ပြောသည်။
ရွေးကောက်ပွဲစည်းရုံးရေးကိစ္စ များနှင့်ပတ်သက်ပြီး ဦးဝင်းထိန်က ပါတီမှ စည်းရုံးရေးဘတ်ဂျက်ချပေး ထားခြင်းမျိုးများမရှိဘဲ မည်သည့် ထောက်ပံ့မှုမှ မပေးထားကြောင်း ၎င်းက ပြောသည်။
''ရွေးကောက်ပွဲအတွက် ပါတီကနေ ဘတ်ဂျက်ချပေးထားခြင်းမရှိ ပါဘူး။ စည်းရုံးရေးဆင်းတဲ့ကိုယ်စား လှယ်တွေက ကိုယ့်စရိတ်နဲ့ကိုယ် ဆင်းရတာပေါ့။ ပါတီက ဘာမှလုပ် မပေးနိုင်ဘူး။ ဒါကျွန်တော်တို့ NLD ထုံးတမ်းစဉ်လာပဲ။ အရင်တုန်းကလဲ အဲဒီလိုမလုပ်ပေးဘူး၊ အခုလဲမလုပ် ပေးပါဘူး၊ ဘယ်မှာမှ ပိုက်ဆံမရှိပါ ဘူး''ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိ ရသည်။
Democracytoday

မှတ်ချက်များ