ဟားခါးမြို့ပေါ်မှ ပြောင်းရွှေ့ရမည့် နေအိမ် ၇၀၀ ကျော်ကို မဲစနစ်ဖြင့် နေရာပြန်လည်ချထားပေးမည်

ပျိုကျပျက်စီးသွားသော ဟားခါးမြို့ တစ်နေရာအား တွေ့ရစဉ် ။ Photo : AFP
ဟားခါး မြို့ပေါ်တွင် ပြောင်းရွှေ့ရမည့် နေ အိမ် ၇၀၀ ကျော်ကို မဲနှိုက်စနစ်ဖြင့် နေရာပြန်လည် ချထားပေးသွား မည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအ ဖွဲ့ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်ငြိမ်းက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောသည်။

ဟားခါးမြို့ပေါ်တွင် နေထိုင်ရန် မသင့်တော့သည့် ရပ်ကွက်များ ကို နေရာအသစ်တွင် ပြန်လည်ချထား ပေးရာတွင် ပဋိပက္ခများမဖြစ်ပေါ်စေ ရန်အတွက် မြေကွက်များရိုက်ပြီး မဲ စနစ်ဖြင့် ချထားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဦးကျော်ငြိမ်းက ''အားလုံးက တော့ လမ်းဘေးနေရာတွေမှာပဲ နေ ချင်ကြပါတယ်။ နေရာပြန်ချတဲ့အခါ ကျရင် ပဋိပက္ခတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် အရင်ဆုံးမြေကွက်ရိုက်မယ်။ ပြီးရင် မဲနှိုက်ပေးမယ်။ ရတဲ့နေရာမှာ ယူရမှာပါ။ ဒါကတော့ကံပဲလေ။ အချင်းချင်းပြောင်းချင်ရင်တော့ ပြောင်း ကြပေါ့'' ဟု ပြောသည်။

ဟားခါးမြို့ပေါ်တွင် ပြောင်းရွှေ့ ရမည့်အိမ်ခြေ ယခင်က ငါးရာကျော် သာ ခန့်မှန်းခဲ့သော်လည်း နောက် ဆုံး ကွင်းဆင်းလေ့လာမှုများကို ယခု လအတွင်းက ပြည်နယ်ဝန်ကြီးများ ဦးဆောင်ပြီး အဖွဲ့လေးဖွဲ့ခွဲပြီး ကွင်း ဆင်းလေ့လာရာတွင် ပြောင်းရွှေ့ပေး ရမည့်အိမ်ထောင်စု ၇၃၂ စုရှိပြီး အန္တ ရာယ်ရှိ ၃၂၂ အိမ်၊ ပြိုကျပျက်စီးသည့် အိမ်ခြေ ၄၁၀ အထိရှိခဲ့ကြောင်း၊ ယင်း အိမ်များအားလုံးကို ဟားခါးမှ ဖလမ်း ထွက်သည့်လမ်းပေါ်တွင် နေရာနှစ် နေ ရာကို ရွေးချယ်လျာထားပြီးဖြစ် ကြောင်း သိရသည်။

ဦးကျော်ငြိမ်းက ''အခု ဘူမိဗေ ဒပညာရှင်တွေရဲ့အဖြေရတာနဲ့ Town Plan ရေးဆွဲရေးအဖွဲ့တွေက အရင် ဆုံးTown Plan ရေးဆွဲပါမယ်။ အဲ ဒီမှာမှ စာသင်ကျောင်းကဘယ်နေရာ၊ ဆေးရုံကဘယ်နေရာဆိုတာ ထွက် လာမယ်။Town Plan ရေးဆွဲပြီးမှ ပဲ တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နိုင်မှာပါ။ အောက်တိုဘာ လကုန် နိုဝင်ဘာလလောက်မှ တည် ဆောက်ရေးလုပ်နိုင်မှာပါ'' ဟု ဆက်လက်ပြောသည်။

အိမ်ထောင်စုတစ်ခုကို ပေရှစ် ဆယ်၊ ခြောက်ဆယ် မြေကွက် များကို ပေးသွားမည်ဖြစ်ပြီး မိသားစုသုံးဦး အောက်ရှိသူများကို ၅၄၀ စတုရန်း ပေအိမ်ကို တည်ဆောက်ပေးမည် ဖြစ်ပြီး ကျပ် ၃၇သိန်းကုန်ကျမည် ဟုမှန်းထားကြောင်း၊ မိသားစုသုံးဦး အထက်ရှိပါက ၆၄၀ စတုရန်းပေရှိ အိမ်ကို ကျပ် ၄ရ သိန်းကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဟားခါး မြို့ ကယ်ဆယ်ရေးကော်မတီအတွင်း ရေးမှူး တလွန်ကျဲအိုက ''ကျွန်တော် သိထားတာကတော့ အားလုံးမြေကွက် ရမယ်ပေါ့။ အားလုံးမျှမျှတတဖြစ်သွား ဖို့ အရေးကြီးပါတယ်။ လောလော ဆယ်တော့ အားလုံးက ကယ်ဆယ် ရေးစခန်းတွေနဲ့၊ နီးစပ်ရာဆွေမျိုးတွေ ဆီမှာ နေနေကြရပါတယ်'' ဟု ပြောသည်။

ချင်းပြည်နယ်တွင် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်း ခဲ့ ခြင်းကြောင့် မြေပြိုခြင်း၊ နေအိမ်များ ရေတွင်မျောသွားခြင်းများကို ဆိုးရွား စွာခံစားခဲ့ရခြင်းကြောင့် ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးက သ ဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း သိ ရသည်။
Democracytoday‬ 

မှတ်ချက်များ