ထို အချိန်ကာလ အတွင်းမှာတော့ Instagram ဟာ စီးပွားရေးလုပ်ငန်းတွေအတွက် လူမှုကွန်ရက် သုံးစွဲသူတွေ မြင်တွေ့အောင် ဘယ်လို Format မျိုးနဲ့ ကြော်ငြာခွင့်ပေးမလဲဆိုတာကို ရှာဖွေခဲ့ကြပါတယ်။
ဒီနေ့တော့ Instagram က ကြော်ငြာ ကဏ္ဍ အတွက် အကောင်းဆုံး စနစ်ကို သတ်မှတ်လိုက်ပါပြီ။ ထိုကြော်ငြာ စနစ်ကိုတော့ စပိန် ၊ အိန္ဒိယ နဲ့ တောင်ကိုရီးယား တို့ အပါအ၀င် နိုင်ငံပေါင်း ၃၀ ကျော်မှာ စက်တင်ဘာ ၃၀ ရက်နေ့က စတင်ပြီး ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
သင်ဟာ အခြား လူမှု ကွန်ရက်တွေမှာတော့ ကြော်ငြာ Ads အမျိုးမျိုးကို မြင်တွေ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် Instagram ရဲ့ Ads တွေကတော့ ခြားနားပါတယ်။ Instagram ဟာ စီးပွားရေး လုပ်ငန်းတွေအတွက် စက္ကန့် ၃၀ စာ ကြာမြင့်တဲ့ ဗီဒီယို Ads တစ်ခုကို ပြသခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒီ ကြာမြင့်ချိန်ဟာ သာမန် သုံးစွဲသူတွေ Upload လုပ်ဖို့ ခွင့်ပြုပေးထားတဲ့ ကြာချိန်ရဲ့ ၂ ဆ ရှိပါတယ်။
ဒါကြောင့် ကြော်ငြာရှင်တွေဟာ "Marquee" လို့ခေါ်တဲ့ ထိုကြော်ငြာဝန်ဆောင်မှုအတွက် ငွေကြေး အကုန်အကျခံပြီး မိမိတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို သုံးစွဲသူတွေရဲ့ News Feed မှာ ပြသ နိုင်တော့မှာ ဖြစ်ပါတယ်။
Mario - သစ်ထူးလွင်
Ref : Engadget
မှတ်ချက်များ