နံနက်စာ စားရင်း ဓါတ်ပုံရိုက်လို့ရမယ့် Selfie ဇွန်း


နံနက်စာ အစားအစာတစ်ခုဖြစ်တဲ့ Cereal ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက ဗိုက်ဆာ နေချိန်မှာပါ ဓါတ်ပုံရိုက်တတ်တဲ့ Customer တွေအတွက် မနက်ခင်းပိုင်း နံနက်စာစားချိန်မှာ Selfie ဓါတ်ပုံလေးတွေ တစ်ခါတည်းရိုက်ကူးနိုင်ဖို့အတွက် Selfie ဇွန်း ကို တီထွင်ထုတ်လုပ်လိုက်ပါတယ်။

Chinnamon Toast Crunch Selfie ဇွန်း ကို ၀က်ဘ်ဆိုဒ်ကနေတစ်ဆင့် ရောင်းချမှာဖြစ်ပြီး ဖုန်းကင်မရာမှ လက်မ ၃၀အရှည်ထိ ဆွဲထုတ်နိုင်ပြီး အဆုံးတစ်ဖက်မှာ ဇွန်းတစ်ချောင်း တပ်ဆင်ထားတာဖြစ်ပါတယ်။

ထို Selfie ဇွန်းမှာတော့ အစားအသောက် တစ်ခုခု စားသောက်နေစဉ် Selfie ဓါတ်ပုံများ ရိုက်ကူးနိုင်ဖို့ အဝေးထိန်းခလုတ်တစ်ခု ပါဝင်ပါတယ်။

Michelle - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ